Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ သက်ကြီးရွယ်အိုသုံးဦး သေဆုံး

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းလင်းထက်၊ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းလင်းထက်၊ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောတောင် ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပြာကျခဲ့သည့်အပြင် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို သုံးဦး ပိတ်မိ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ယနေ့ (မတ်လ ၁၅ရက်) နံနက်ပိုင်းက မုံရွာမြို့နယ်၊ တောပုပျူရွာနှင့် စွမ်းရည်ထက် ဆီဆိုင်ရှေ့ဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး စုစုပေါင်းအင်အား ၄၀ဝန်းကျင်သည် ယနေ့နံနက် ၆ နာရီခန့်က မုံရွာ-အမြင့်လမ်းပေါ်ရှိ ထနောင်းတော(တောင်) ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးစဥ် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုနိုင်ခဲ့သည့် အသက် (၇၀) ကျော်အရွယ် အဘိုးအို နှစ်ဦး ၊ အဘွားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂စက်တင်ဘာ ၂၇ရက်ကလည်း စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာ နေအိမ် လေးလုံး၊ ထနောင်းတောတောင်ရွာ နေအိမ် သုံးလုံးကိုမီးရှို့ဖျက်ဆီးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။