Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ သက်ကြီးရွယ်အိုသုံးဦး သေဆုံး

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းလင်းထက်၊ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ထနောင်းတောတောင်ရွာရှိ ပြည်သူ့နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းလင်းထက်၊ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောတောင် ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပြာကျခဲ့သည့်အပြင် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို သုံးဦး ပိတ်မိ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

ယနေ့ (မတ်လ ၁၅ရက်) နံနက်ပိုင်းက မုံရွာမြို့နယ်၊ တောပုပျူရွာနှင့် စွမ်းရည်ထက် ဆီဆိုင်ရှေ့ဂိတ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး စုစုပေါင်းအင်အား ၄၀ဝန်းကျင်သည် ယနေ့နံနက် ၆ နာရီခန့်က မုံရွာ-အမြင့်လမ်းပေါ်ရှိ ထနောင်းတော(တောင်) ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးစဥ် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုနိုင်ခဲ့သည့် အသက် (၇၀) ကျော်အရွယ် အဘိုးအို နှစ်ဦး ၊ အဘွားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂စက်တင်ဘာ ၂၇ရက်ကလည်း စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာ နေအိမ် လေးလုံး၊ ထနောင်းတောတောင်ရွာ နေအိမ် သုံးလုံးကိုမီးရှို့ဖျက်ဆီးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။