Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးတရားရုံးရှေ့တွင် ဗုံးပေါက်၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပဲခူး-ရန်ကုန် ကားလမ်းမကြီးပေါ်ရှိ တရားရုံးရှေ့တွင် ယနေ့ (မတ်လ ၁၇) နံနက်ပိုင်း၌ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် လှည်းကူး တရားရုံးရှေ့ရှိ ရပ်ထားသည့် ကားနှစ်စီး အနီး၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ တရားရုံးသို့ လာရောက်သည့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှည်းကူးမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ – CJ)

” မနက်က တရားရုံးရှေ့က ကားနားမှာ ဗုံးက ထပေါက်တာပါ။ ဗုံးသံက အရမ်းတော့ မကျယ်ဘူး။ လက်လုပ်ဗုံးလို့လဲ ပြောကြတယ်။ တရားရုံးကိုလာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရသွားပါတယ်။ သူ့ကို လူနာတင်ကားတွေ လာခေါ်သွားပါတယ် ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ အမျိုးသားသည် ဒဏ်ရာမပြင်းထန်ကြောင်းနှင့် လှည်းကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပရဟိတ အဖွဲ့တစ်ဖွဲ့ကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ – CJ)

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထိုအပြင်ယနေ့ နေ့လည်ပိုင်းတွင်လည်း ရန်ကုန်မြို့ သာကေတမြို့နယ် ရဲစခန်းအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်ထိန်းရဲ အပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၃) နံနက်က စက်ရုံဖယ်ရီကားနဲ့ ပဲခူး-ရန်ကုန်ပြေးဆွဲတဲ့ မီနီဘတ်စ် တိုက်မိရာ လူလေးဦး သေဆုံးပြီး ၃၀နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။