Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှည်းကူးတရားရုံးရှေ့တွင် ဗုံးပေါက်၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပဲခူး-ရန်ကုန် ကားလမ်းမကြီးပေါ်ရှိ တရားရုံးရှေ့တွင် ယနေ့ (မတ်လ ၁၇) နံနက်ပိုင်း၌ ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် လှည်းကူး တရားရုံးရှေ့ရှိ ရပ်ထားသည့် ကားနှစ်စီး အနီး၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ တရားရုံးသို့ လာရောက်သည့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှည်းကူးမြို့ခံ ပြည်သူတစ်ဦးက ဆိုသည်။

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ – CJ)

” မနက်က တရားရုံးရှေ့က ကားနားမှာ ဗုံးက ထပေါက်တာပါ။ ဗုံးသံက အရမ်းတော့ မကျယ်ဘူး။ လက်လုပ်ဗုံးလို့လဲ ပြောကြတယ်။ တရားရုံးကိုလာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရသွားပါတယ်။ သူ့ကို လူနာတင်ကားတွေ လာခေါ်သွားပါတယ် ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ အမျိုးသားသည် ဒဏ်ရာမပြင်းထန်ကြောင်းနှင့် လှည်းကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပရဟိတ အဖွဲ့တစ်ဖွဲ့ကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ - CJ)
(လှည်းကူးတရားရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ။ဓာတ်ပုံ – CJ)

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထိုအပြင်ယနေ့ နေ့လည်ပိုင်းတွင်လည်း ရန်ကုန်မြို့ သာကေတမြို့နယ် ရဲစခန်းအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်ထိန်းရဲ အပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့ ထွက်လာချိန် ဂုံးကျော်တံတားအလယ်မှာ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ သိရပါတယ်။

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။