Connect with us

Hi, what are you looking for?

သတင်း

ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲ စခန်း ၇၅ ရာခိုင်နှုန်းကိုမီးရှို့၊ စစ်သား ၄၅ဦးသေဆုံးပြီးလက်နက် ၅လက်ရဟုထုတ်ပြန်

တိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော်တစ်ဦး နင်းမိုင်းမိကာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ကာ ၊အခြား ထိခိုက်ဒဏ်ရာရသူ ၉ ဦး ရှိကြောင်း အသိပေးခဲ့သည်။

(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)
(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)

▪︎PDF ၂ ဦး ကျဆုံးပြီး၁၀ ဦးဒဏ်ရာရ၊စခန်းအတွင်း ၄ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လေကြောင်းပစ်ကူအကြိမ်ကြိမ်လာ၍ ဆုတ်ခွာခဲ့ရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်ရွာနယ်မြေရဲစခန်းအား ခရိုင်တပ်ရင်းများနှင့်ပူး​ပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ပြုလုပ်ခဲ့သော်လည်း စခန်း၏ ၇၅ ရာခိုင်နှုန်းမီးရှို့နိုင်ခဲ့ပြီး စစ်သား ၄၅ဦး သေဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သောခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများက​ပြောသည်။

မတ်လ ၃၁ ရက်နေ့တွင် ကန်ရွာ နယ်မြေရဲစခန်းကိုPDFများကရှစ်နာရီကြာခဲ့​သော တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၄၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ် ၅လက် သိမ်းဆည်းရမိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ၊ တပ်ရင်း (၃၉၀၁)ကလည်း သတင်းထုတ်ပြန်သည်။

(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)
(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)

“ မနက် ၆နာရီကစတိုက်တာ ညနေ၂နာရီ ၂၀မိနစ်မှဆုတ်မိန့်ရတာ။ စခန်းသိမ်းတယ် ဆိုတာထက် ယောသားတွေရဲ့သတ္တိကိုပြတဲ့ပွဲပါ။ ​ပထမဂျက်ဖိုက်လာကျဲတာ ကျနော်တို့အလုပ်ဆက်လုပ်တုန်း။ Mi35နဲ့ပစ်မှစိတ်တိုပြီးမီးရှို့(ရဲစခန်းကို)ကြတာ။ အဲ့တုန်းက၁ ခုဘဲရှို့ သေးတယ်။အဲ့ဒီမိုးခိုးကြောင့်သူပစ်မှတ်ရှာမရဘဲပု စဥ်းမျက်ကမ်းဖြစ်သွားတယ်” ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄) တပ်ရင်းမှူး မျိုးသူရကပြောသည်။

စခန်းတွင်စစ်ကောင်စီတပ်မှစစ်သား နှင့်ရဲ ၈၁ယောက်ရှိပြီး တိုက်ပွဲနောက်ဆုံးအထိ ၁၇ ဦးခန့်သာကျန်သည်ဟု တပ်ရင်းမှူးကရှင်းပြ သည်။ ထိုထဲတွင် ဒဏ်ရာရသူများအပြင်ထွက်ပြေးသူများလည်းရှိသည်ဟု၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်အထိနာပြီး စခန်းကျလုအချိန်တွင် စစ်တပ်က ​လေ​ကြောင်းမှတိုက်ခိုက်မှုနှင့် စစ်ကူတပ်သားများကို သုံးကြိမ်တိုင်ပို့ခဲ့​ကြောင်းသိ့ရသည်။ တစ်ကြိမ်လျှင် စစ်သား ၁၇ ဦးနှုန်းဖြင့် စုစု​ပေါင်း ၅၀ ​ကျော်စစ်ကူထပ်ပို့ခဲ့​ကြောင်း၎င်းက​ပြောသည်။

ဂန့်ဂေါခရိုင်တပ်ရင်းများဖြစ်ကြသည့် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ တပ်ရင်း ၆ ရင်းတို့နှင့်အတူ ABSDF၊ HYPER UAV FORCE၊ ပကဖ ရဲဘော် များ စသည့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)
(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)

“တိုက်ပွဲချိန်က၈ကျော်ကြာခဲ့တယ်။အခက်အခဲကတော့မြို့နယ်အတွင်းကအမာဆုံစခန်းကိုတီးတာဆိုတော့ အခက်အခဲအရမ်းများတယ်။”ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၁၄) တပ်ရင်းမှူး မျိုးသူရကပြောသည်။

တိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော်တစ်ဦး နင်းမိုင်းမိကာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ကာ ၊အခြား ထိခိုက်ဒဏ်ရာရသူ ၉ ဦး ရှိကြောင်း အသိပေးခဲ့သည်။

တိုက်ပွဲဖြစ်စဉ်မှာ ရဲစခန်းကို မနက် ၆နာရီမှစတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲ ၃နာရီ အကြာ၌ နယ်မြေရဲစခန်းအတွင်းဝင်ရောက် နိုင်ကာ စခန်းကို မီးရှို့နိုင်ခဲ့သည်ဟုသိရသည်။စတင် ဝင်ရောက်ချိန်၌ပင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ် ၁စီးဖြင့် ၂ကြိမ် ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယာဉ် တိုက်လေယာဉ် ဖြင့် ၇ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ကလည်း ရဲစခန်းအတွင်းသို့ ၄ ကြိမ်တိတိပြန်လည်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)
(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)

စခန်းသိမ်းပိုက်နိုင်ရေး ကြိုးစားခဲ့သော်လည်း မွန်းလွဲ ၂နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ၃ကြိမ် စစ်ကူလာပို့၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ပြန်လည်ဆုတ်ခွာချိန်တွင် ရန်သူစခန်း၏ ၇၅ ရာခိုင်နှုန်းခန့်ကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရဲစခန်းတိုက်ခိုက်မှုမှ G3(၄)လက်၊G4(1)လက်၊G3မောင်းတုံး(၁)ခု၊ကျည်ဘောက်(၄)ခု ၊လက်ပစ်ဗုံး(၂)လုံး၊စကားပြောစက်(၂)လုံး၊ဖုန်း(၇)လုံး၊Laptop(၁)လုံး၊ဓား(၁)လက်၊ငွေ(၆၀၈၀၀)ကျပ်နှင့်အခြားအသုံးအဆောင်ပစ္စည်းများသိမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ဂန့်ဂေါဒေသခံတစ်ဦးကလည်း ကန်ရွာ ရဲစခန်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့တွင်လည်း စစ်ကောင်စီတပ် လေကြောင်း လှုပ်ရှားမှုရှိသည်ဟု ပြောသည်။

(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)
(ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ရဲစခန်းမီး​လောင်​နေသည်ကို မြင်​တွေ့ရမှူ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ၃၉၀၁ ၊CJ)

“ ဒီနေ့(ဧပြီ ၃)က ကျမတို့ရွာရဲ့ အောက်ပိုင်း ဘယ်ရွာဆိုတာ သေချာမသိရသေးဘူး။ ဟတ်စကီး ၂စင်းသွားတယ်။ ဒီနေ့ နေ့လည်ခင်းက” ဟု ဒေသခံက ပြောသည်။

HYPER UAV FORCE အဖွဲ့ကလည်း စစ်တပ်က ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းမှုရှိ​နေ​ကြောင်း ရုပ်သံမှတ်တမ်းနှင့်တစ်ကွထုတ်ပြန်သည်။

NUG က မ​ကွေးတိုင်းရှိခရိုင်တပ်ရင်း ကို လက်နက်တပ်ဆင်​ပေးပြီး​နောက် ကန်ရွာရဲစခန်းတိုက်ခိုက်မှုမှာ ပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။