Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးရဲဘော် ၃ ဦးကို ထိုင်းက စစ်ကောင်စီလက်အောက်ခံ အဖွဲ့ထံ အပ်နှံခြင်းအပေါ် NUG သဘောထားထုတ်ပြန်

NUG ၏ ထုတ်ပြန်ချက်အပေါ် Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦးက “သူတို့(NUGက) ဒါမျိုးထုတ်သင့်တယ်လေ။သူတို့ထုတ်တာကောင်းပါတယ်” ဟု မှတ်ချက်ပြုသည်။

(ထိုင်းအစိုးရကာစစ်​ကောင်စီလက်​ရောက်​အောင် ပြန်ပို့ခံခဲ့ရ​​သော PDF ၃ ဦး နှင့် NUG ထုတ်ပြန်ချက်။ ဓါတ်ပုံ-FB Viral)
(ထိုင်းအစိုးရကာစစ်​ကောင်စီလက်​ရောက်​အောင် ပြန်ပို့ခံခဲ့ရ​​သော PDF ၃ ဦး နှင့် NUG ထုတ်ပြန်ချက်။ ဓါတ်ပုံ-FB Viral)

တော်လှန်ရေးရဲဘော် ၃ ဦးကိုထိုင်းအာဏာပိုင်များကမြန်မာစစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ အပ်နှံခြင်းမှာ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG သဘောထားထုတ်ပြန်သည်။

Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော်သုံးဦးမှာ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ဆေးလာကုရင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး(လဝက)၏ ဖမ်းဆီးခြင်းခံရကာ ဧပြီ ၄ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF ထံ အပ်နှံခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကြောရေး၌ ရောက်ရှိနေကြောင်း သိရသည်။

(ထိုင်းအစိုးရကာစစ်​ကောင်စီလက်​ရောက်​အောင် ပြန်ပို့ခံခဲ့ရ​​သော PDF ၃ ဦး နှင့် NUG ထုတ်ပြန်ချက်။ ဓါတ်ပုံ-FB Viral)
(ထိုင်းအစိုးရကာစစ်​ကောင်စီလက်​ရောက်​အောင် ပြန်ပို့ခံခဲ့ရ​​သော PDF ၃ ဦး နှင့် NUG ထုတ်ပြန်ချက်။ ဓါတ်ပုံ-FB Viral)

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ NUG က ယနေ့ သတင်းထုတ်ပြန်ရာ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ် နှင့် လုပ်ရပ်သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်နှင့်အညီ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေးထားဦးစားပေး၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိိကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUG ၏ ထုတ်ပြန်ချက်အပေါ် Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦးက “သူတို့(NUGက) ဒါမျိုးထုတ်သင့်တယ်လေ။သူတို့ထုတ်တာကောင်းပါတယ်” ဟု မှတ်ချက်ပြုသည်။

Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော်သုံးဦးမှာ ဧပြီိ ၁ ရက်ညနေပိုင်းတွင် ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရပြီး ဧပြီ ၃ ရက်တွင် အဆိုပါရဲဘော်များကို ထိုင်းလဝကထံမှ ပြန်ထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ဧပြီ ၄ ရက်တွင်မှ ပြန်လာရန် ပြောဆိုအပြီး ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ထိုင်းလဝကသည် BGF ထံ အပ်နှံခဲ့ကြောင်း အထက်ပါရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။