Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြရည်နန္ဒာအိမ်ရာဝင်းမှာအမျိုးသား ၂ဦးဖမ်းခံရ

ဖမ်းခံရသူ ၂ ဦးဟာ ချမ်းမြသာစည်မြို့နယ် ၊မြရည်နန္ဒာ အိမ်ရာဝင်းအတွင်း ဧပြီလ ၆ ရက် ည၈ နာရီခန့်က စစ်ကောင်စီတပ် ဝင်စစ်ရာမှာ ဖမ်းခံလိုက်ရတာပါ။

မန္တလေးမြို့တွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)
မန္တလေးမြို့တွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)

မန္တလေးမှာ ဧပြီလဆန်းပိုင်းအတွင်း ရာအိမ်မှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင် အချို့ ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရပ်ကွက်အလိုက် ပိတ်ဆို့စစ်ဆေးတာတွေရှိနေပြီး ဧပြီလ ၆ ရက်မှာ အမျိုးသား ၂ ဦး ကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

ဖမ်းခံရသူ ၂ ဦးဟာ ချမ်းမြသာစည်မြို့နယ် ၊မြရည်နန္ဒာ အိမ်ရာဝင်းအတွင်း ဧပြီလ ၆ ရက် ည၈ နာရီခန့်က စစ်ကောင်စီတပ် ဝင်စစ်ရာမှာ ဖမ်းခံလိုက်ရတာပါ။

” လမ်းတွေပိတ်ပြီး အခန်းကိုအတိအကျပဲ အရပ်ဝတ်တွေနဲ့ဝင်ဖမ်းသွားတာ” လို့ မျက်မြင်တွေ့လိုက်ရတဲ့ မြရည်နန္ဒာအိမ်ရာဝင်းမှာနေထိုင်သူဒေသခံတစ်ဦးကပြောပြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ အမျိုးသား ၁ဦး ထပ်မံဖမ်းခံရတယ်ဆိုတဲ့သတင်းကြားရပေမယ့် အသေးစိတ်အတည်မပြုနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

ဧပြီလဆန်းအတွင်း မန္တလေးမှာ စစ်ကောင်စီခန့် ရာအိမ်မှူး ၃ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံရသလို ရဲ ၁ ဦးလည်းအပြင်ထွက်ချိန်သတ်ဖြတ်ခံရတာရှိပါတယ်။

အလားတူပါပဲ မန္တလေးမြို့ပေါ်မြို့နယ်တွေထဲမှာ အရပ်သား ၄ ဦးဟာလည်း သွေးသောက်အဖွဲ့ အမည်ခံ ထားတဲ့ အဖွဲ့ ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။