Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နယ်ဒါးမြလက်အောက်ခံ Venom စစ်ကြောင်းတစ်ခုလုံး KNU၏ ကော်ဘရာစစ်ကြောင်းထံ ပူးပေါင်း

စစ်ကြောင်း(၂)စစ်ကြောင်းမှူးအဖြစ် Venom စစ်ကြောင်းမှူးဖြစ်သည့် ဗိုလ်စောဝင်းမြင့်အား တာဝန်ပေးအပ်ခဲ့ပြီး စစ်ကြောင်း(၂)ဒုစစ်ကြောင်းမှူးမှာ ဗိုလ်စောငြိမ်းချမ်းဝင်း ဖြစ်သည်ဟုဆိုသည်။

(Venom စစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(Venom စစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️ကော်ဘရာစစ်ကြောင်း ဖွဲ့စည်းပုံကို ပြင်ဆင်

ဗိုလ်မှူးချုပ် နယ်ဒါးမြ၏ ကော်သူးလေအာမီလက်အောက်ခံ စစ်ကြောင်းဖြစ်သည့် Venom စစ်ကြောင်း တစ်ခုလုံး လာရောက်ပူးပေါင်းလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်မှုအောက်ရှိ ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

“Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်း”ဟု ဖော်ပြထားပြီး ဧပြီ ၄ရက်တွင် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု အသိပေးထားသည်။

အဆိုပါ ပူးပေါင်းမှုကြောင့် ကော်ဘရာစစ်ကြောင်း၏ဖွဲ့စည်းပုံအား စစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)ဟူ၍ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အသိပေးထားပြီး ကော်ဘရာစစ်ဆင်ရေးမှူး – ဗိုလ်ဒါဘော၊ စစ်ကြောင်း(၁)စစ်ကြောင်းမှူးအဖြစ် ဗိုလ်စောကော် စစ်ကြောင်း(၁)ဒုစစ်ကြောင်းမှူး – ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့တို့ တာဝန်ယူမည်ဟု ထုတ်ပြန်သည်။

စစ်ကြောင်း(၂)စစ်ကြောင်းမှူးအဖြစ် Venom စစ်ကြောင်းမှူးဖြစ်သည့် ဗိုလ်စောဝင်းမြင့်အား တာဝန်ပေးအပ်ခဲ့ပြီး စစ်ကြောင်း(၂)ဒုစစ်ကြောင်းမှူးမှာ ဗိုလ်စောငြိမ်းချမ်းဝင်း ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

”ကျွန်တော်တို့လူငယ်တွေသည် စနစ်ဆိုးကြီးကို ဖြိုရန်စည်းလုံးမှူကို တည်ဆောက်နေပါသည်”ဟု ကော်ဘရာစစ်ကြောင်း (၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က ၎င်း၏ Facebook မှတဆင့် အသိပေးသည်။

ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် ဖြစ်သော်လည်း ဝေါ်လေဒေသ တံတားလုပ်ငန်းခွင်မှ အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့်ပတ်သက်ပြီး KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံသည့်အပြင် ကော်သူးလေအာမီဟု ခွဲထွက်တည်ထောင်ခဲ့၍ အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

ကော်ဘရာ စစ်ကြောင်းအနေဖြင့် ကော်သူးလေ အာမီအောက်ရှိ စစ်ကြောင်းအချို့၌ ပူးတွဲပြီး မြ၀တီ သင်္ဃန်းညီနောင် ဒေသစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးဆောင်သည်ဟု သတင်းများ ဖြန့်ဝေခဲ့သည့်အပေါ် ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ ၎င်းအနေဖြင့် ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးဆောင်မှုဖြင့် စစ်ဆင်ရေး တစ်ကြိမ်မှ မလုပ်ဆောင်ခဲ့ဖူးကြောင်း၊ KNU၏ ဦးဆောင်မှုအောက်မှ KNU ၏ မူဝါဒအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဒါဘောက ဖြေရှင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။