Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ KIA/PDF နှင့် ရှမ်းနီSNA တိုက်ပွဲဖြစ်၊ SNA အထိနာဟု ဒေသခံပြော

အဆိုပါ ဒေသ၌ ယခင်ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ SNA တပ်စခန်းအချို့ကို KIA/PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ ၌ ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ (SNA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

ဧပြီ ၁၇ရက် နံနက် ၄နာရီခန့်တွင် ဆယ်ဇင်းဒေသ နံ့ကသာနှင့် ပန်ချယ်ကျေးရွာအကြား၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“မနေ့က ၁၇ရက်နေ့ ၄နာရီလောက်မှာ SNAနဲ့ KIA/PDFနဲ့ တိုက်ပွဲဖြစ်တယ်။ နံနက် ၁၀နာရီလောက် မှာ ပြီးသွားတယ်။ KIAနဲ့ PDF ဘက်က အထိအခိုက်မရှိပါဘူး။ SNA ဘက်ကတော့ ၄၀ကျော်လောက်ကျတယ်ကြားတယ်”ဟု ဒေသခံက ပြောသည်။ SNA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

အဆိုပါ ဒေသ၌ ယခင်ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ SNA တပ်စခန်းအချို့ကို KIA/PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာကြောင့်တိုက်ပွဲဖြစ်တာလဲဆိုတော့ သူတို့က အင်အားတိုးပြီး အရှေ့ကို တိုးခဲ့လို့ပေါ့။ ရှေ့တိုးတယ်ဆိုတာဒီဘက်က KIAနဲ့ PDFနယ်မြေကို ပြန်သိမ်းချင်တဲ့သဘောပေါ့။ သူတို့ လက်လွှတ် ထားရတဲ့နေရာကို ပြန်သိမ်းချင်လို့ တိုက်ပွဲက ဖြစ်ရတာပါ။ ပြောမယ်ဆို သူတို့ SNAကလည်း စစ်ကောင်စီနဲ့ အတူတူပဲလေ။ အတူတူပဲဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး အာဏာရှင်ကို တော်လှန်နေတဲ့အခါသူတို့ကိုပါ တော်လှန်ရမှာ။သူတို့လည်း စစ်ကောင်စီနဲ့ အတူတူပဲ”ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

သို့သော် ယနေ့ ဒေသအတွင်း၌ စစ်ရေးအခြေအနေ ငြိမ်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။