Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်အဆိုးဆုံးကြုံရနိုင်ပြီး ဘေးလွတ်ရာအမြန်​ရွေ့​ပြောင်းရမည်​ဒေသများကို NUG ထုတ်ပြန်

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​​စောင့်ကြည့်သတိ​ပေး​စင်တာ ဖြစ်​သောJTWC(Joint Typhoon Warning Center)က မြန်မာနှင့် ဘဂ်လား​ဒေရှ်ကမ်းရိုးတန်း ဖြတ်​ကျော်ခါနီးတွင် ​မေ ၁၄ ရက်၌ တစ်နာရီ ​လေတိုက်နှုန်း အမြင့်ဆုံး ၁၁၅ မိုင်ဝန်းကျင်ရှိနိုင်သည်ဟု ထပ်မံထုတ်ပြန်ထားသည်။

(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)
(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)

▪︎မုန်တိုင်းဒဏ်ကိုမြန်မာပြည်သူ ၃ သန်းဝန်းကျင်ခံရပြီး၂ သိန်းမှာအဆိုးဆုံးခံရမည်ဟု GDACS ခန့်မှန်း

▪︎​မနက်ဖြန်(မေ ၁၄ ရက်)တွင် ရခိုင်ကမ်းရိုးတန်းကို ​လေတိုက်နှုန်း အများဆုံးမိုင် ၁၁၀ ဝန်းကျင်ဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလနှင့် JTWC ခန့်မှန်း

မိုခါဆိုင်းကလုန်းမုန်တိုင်းဒဏ်အဆိုးဆုံးခံရနိုင်​သော စစ်​တွေ ၊​ကျောက်ဖြူ ၊​မြေပုံ ၊​ပေါက်​တော၊ပုဏ္ဏကျွန်း၊ရသ​တောင်၊အမ်းစ​သော ​ဒေသမှပြည်သူများအ​နေဖြင့် ​ဘေးလွတ်ရာသို့ အမြန်ဆုံး​ပြောင်း​ရွေ့ကြရန် အမျိုးသားညီညွတ်​ရေးအအစိုးရ(NUG)က သတိ​ပေးသည်။

အား​ကောင်း​သောမုန်တိုင်း​ကြောင့် ​လေပြင်းထန်ခြင်း ၊မိုးသည်းထန်စွာရွာသွန်းခြင်း ၊မုန်တိုင်ဒီ​ရေ တက်ခြင်း ၊ ​မြေပြိုခြင်း​၊​ရေကြီးရလျှံဖြစ်နိုင်ခြင်းစ​သော သဘာဝ​ဘေးအန္တရာယ်များ​ကြုံနိုင်၍ စစ်​တွေ ၊​ကျောက်ဖြူ ၊​မြေပုံ ၊​ပေါက်​တော၊ပုဏ္ဏကျွန်း၊ရသ​တောင်၊အမ်းစ​သည့်ဒေသများမှာ မှာ​ဘေးလွတ်ရာသို့ အမြန်​ပြောင်း​ရွေ့သင့်​ကြောင်း NUG ၊လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ​ရေးဝန်ကြီးဌာန(MOHADM) က ​မေ ၁၂ ရက်ညတွင်သတိ​ပေးသည်။အထက်ပါ​ဒေသများအပြင်​မြေငူကျွန်း ၊ကိုင်း​ထောင့်ကြီး၊ဆင်ဂျက် ၊ဝ​ဘော်ကြီး ​ဒေသများမှ ပြည်သူများလည်းအမြန်​ရွေ့​ပြောင်းရန် တိုက်တွန်းထားသည်။

ယ​နေ့မနက်တွင် မိုခါမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရှိ​နေပြီးတစ်နာရီလျှင် ၆ မိုင်​ကျော်နှုန်းဖြင့်မြောက် ၊အ​ရှေ့​မြောက်အရပ်သို့ ​ရွေ့လျား​နေသည်။ လက်ရှိတွင် စစ်​တွေမြို့ ၏ ​အ​နောက်တောင်ဘက် မိုင် ၄၃၄ မိုင်ဝန်းကျင်ရှိပင်လယ်ပြင်တွင် ရှိ​နေပြီး ၆ နာရီအတွင်း အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်ပိုအား​ကောင်းလာမည်ဟု အိန္ဒိယမိုးဇလကယ​နေ့မနက် ၄ နာရီခွဲတွင်ထုတ်ပြန်သည်။

အိန္ဒိယမိုးဇလ၏ မိုခါမုန်တိုင်းကမ်း​ခြေဖြတ်သန်းဝင်​ရောက်မည့်နေရာ ၊အချိန် ၊ ​လေတိုက်နှုန်းတို့မှာ ​မေ ၁၂ ရက်ခန့်မှန်းချက်နှင့်အတူတူပင်ဖြစ်ပြီး ​မေ ၁၄ ရက် ​နံနက်ပိုင်းတွင် မြန်မာနိုင်ငံ​​ကျောက်ဖြူမြို့နှင့် ဘင်္ဂလား​ဒေရှ်နိုင်ငံ​ကော့ဘဇာကြားမှာ ​လေတိုက်နှုန်းတစ်နာရီလျှင် အနိမ့်ဆုံး ၉၃ မိုင်မှ အမြင့်ဆုံး ၁၀၉ မိုင်အတွင်းတိုက်ခတ်နိုင်သည်ဟု အိန္ဒိယမိုးဇလ(IMD)က ​ယ​နေ့ နံနက်တွင် ခန်မှန်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​​စောင့်ကြည့်သတိ​ပေး​စင်တာ ဖြစ်​သောJTWC(Joint Typhoon Warning Center)က မြန်မာနှင့် ဘဂ်လား​ဒေရှ်ကမ်းရိုးတန်း ဖြတ်​ကျော်ခါနီးတွင် ​မေ ၁၄ ရက်၌ တစ်နာရီ ​လေတိုက်နှုန်း အမြင့်ဆုံး ၁၁၅ မိုင်ဝန်းကျင်ရှိနိုင်သည်ဟု ထပ်မံထုတ်ပြန်ထားသည်။

အဆိုပါ​လေတိုက်နှုန်းဖြင့် တိုက်ခတ်ပါက နာဂစ်မုန်တိုင်း၊ ဂီရိ မုန်တိုင်းတို့က မိုခါမုန်တိုင်းထက်ပိုအားပြင်း​နေသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝ​ဘေးအန္တရာယ်သတိ​ပေးချက်နှင့်ပူး​ပေါင်း​ဆောင်ရွက်​ရေးစနစ်(GDACS )ကလည်း မုန်တိုင်း​သည် မြန်မာပြည်သူ ၃ သန်းဝန်းကျင်အ​ပေါ် သက်​ရောက်မည်ဖြစ်ပြီးမုန်တိုင်းဒဏ်အဆိုဆုံးရင်ဆိုင်ရမည့် ပြည်သူ ၂ သိန်းရှိနိုင်သည်ဟု ​မေ ၁၂ ရက်တွင်ပြန်သည်။ဘင်္ဂလား​ဒေရှ်နိုင်ငံမှ ပြည်သူ ၈ သိန်းခန့်မှာလည်း မုန်တိုင်းဒဏ်ခံရမည် ဖြစ်ပြီးရိုဟင်ဂျာ ဒုက္ခသည်သည်များလည်း မုန်တိုင်းဒဏ်ခံရနိုင်​ကြောင်း GDACS ကအသိ​ပေးထားသည်။

ရခိုင်ပြည်နယ်မှာမုန်တိုင်းဒီ​ရေတက်ခြင်း ၊ ​လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်ထန်စွာရွာသွန်းခြင်း၊​ရေကြီး​ရေလျှံခြင်းစ​သောမုန်တိုင်း​နောက်ဆက်တွဲများကိုအများဆုံးရင်ဆိုင်ရမည်ဖြစ်​ကြောင်း နိုင်ငံတကာမိုးဇလခန့်မှန်းချက်များအရသိရသည်။ ၂၀၀၈ ​မေလက နာဂစ်မုန်တိုင်းတွင် ပြည်သူအများစု​သေဆုံးခဲ့သည်မှာ မုန်တိုင်းဒီ​ရေ တက်လာပြီး ပြည်သူများ​၊​နေအိမ်များ အပါအဝင် အရာဝတ္ထုအားလုံးကို ဆွဲချသွား၍ဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်းမုန်တိုင်းဒီ​ရေကို ရခိုင်ကမ်းရိုးတန်း​ဒေသများအထူးသတိထားရန် မိုး​လေဝသ ပညာရှင်အချို့က သတိ​ပေးထားသည်။ NUG က ရခိုင်ကမ်းရိုးတန်း​ဒေသများတွင် မုန်တိုင်းဒီ​ရေ အနည်းဆုံး ၆ ​ပေမှ အမြင့်ဆုံး ၁၂ ​ပေအထိ့တက်နိုင်​ကြောင်းသတိ​ပေးထားသည်။

စစ်ကိုင်းတိုင်း ၊မ​ကွေးတိုင်း၊ချင်းပြည်နယ်၊ဧရာဝတီမြစ်ဝကျွန်း​ပေါ် အပါအဝင် နိုင်ငံဧရိယာအများစုမှာလည်း မိုးသည်ထန်စွာရွာသွန်းခြင်း ၊​လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်​ရေကြီးခြင်း ၊​မြေပြိုခြင်းစ​သော​ဘေးအနာဆရာယ်များကိုသတိပြုရန် မုန်တိုင်း​စောင့်ကြည့်​ရေးဌာနများကသတိ​ပေးထားသည်။

မုန်တိုင်းသည်ရခိုင်ကမ်းရိုးတန်းကိုဖြတ်​ကျော်ပြီး ကုန်တွင်းပိုင်းသို့ စစ်ကိုင်တိုင်းနှင့် ချင်းပြည်နယ်သို့ ​မေ ၁၄ ရက်ဝင်လာချိန်မှာပင် ​တစ်နာရီ​လေတိုက်နှုန်း ၅၇ မိုင်​ကျော်ရှိနိုင်​သေး​ကြောင်း JTWC နှင့် အိန္ဒိယမိုးဇလတို့ကခန့်မှန်းမှန်းသည်။ထို​နောက်စစ်ကိုင်းတိုင်းတွင် ​မေ ၁၅ ရက်အထိတစ်နာရီ​လေတိုက်နှုန်း မိုင် ၂၀ ​ကျော်ဖြင့်ရှိ​နေရာမှ တဖြည်းဖြည်းအား​ပျော့​ပျောက်ကွယ်သွားမည်ဟု JTWC နှင့် IMDကခန့်မှန်းသည်။

​လေတိုက်နှုန်းခန့်မှန်းတွက်ချက်ရာတွင်NUG -MOHADMက အများစုနှင့်ကွာခြား​နေသည်။မိုင်တစ်ရာ​ကျော်နှုန်းဖြင့်တိုက်ခတ်လာ​သောအား​ကောင်းသည့်ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းဝင်​ရောက်ချိန်တွင် ရခိုင်ရိုးမ​တောင်တန်းများ​ကြောင့် အရှိန် ၂ ဆင့်​ခန့်လျော့ကျသွားပြီး ​လေတိုက်နှုန်းမှာ အများဆုံး (၇၀)မှ (၇၅)မိုင်ခန့်နှုန်းဖြင့် သာတိုက်ခတ်နိုင်သည်ဟုခန့်မှန်းထားခြင်းဖြစ်သည်။မုန်တိုင်းသည် မေလ (၁၄)ရက်နေ့၊ ညသန်ခေါင်းယံအချိန်တွင် ရခိုင်ကမ်းရိုးတန်းကို မောင်တောမြို့နှင့် စစ်တွေမြို့ကြား (ကျောက်ပန္ဒူရွာအနီး)မှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု MOHADM ကထုတ်ပြန်ခဲ့သည်။

၂၀၁၀ ​​အောက်တိုဘာ ၂၇ ရက်ကဂီရိမုန်တိုင်းတိုက်ခတ်ခဲ့စဥ်က ရခိုင်ရိုးမ​တောင်တန်းများကာဆီးမှု​ကြောင့်မုန်တိုင်းအရှိန်​လျော့ကျသွားပြီး လူ​သေဆုံးထိ့ခိုက်မှု နာဂစ်မုန်တိုင်းနှင့်ယှဥ်လျှင် အဆ​ပေါင်းများစွာ​လျော့နည်းခဲ့သည်။

(JTWC ၊ အိန္ဒိယမိုးဇလ ၊ GDACS ၊ NUG-MOHADM တို့၏ ခန့်မှန်းချက်နှင့်သတိ​ပေးချက်များ)

●မှတ်ချက် -Knot ၏ ယူနစ် KTS ကို မိုင်နှုန်းသို့​ပြောင်းလိုပါက ၁.၁၅၁ ဖြင့်​မြှောက်ရမည်ဖြစ်သည်

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။