Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မုန်တိုင်းဘေးကူညီနေသည့် စာရေးဆရာကိုဝေဟင်အောင်အပါအဝင် ကူညီရေးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီ ဖမ်းဆီး

ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။

(မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်ရှိ လေဘေးသင့်ပြည်သူများအား မေလ ၂၂ရက်က တွေ့ဆုံနေသည့် ကိုဝေဟင်အောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - ကိုဝေဟင်အောင်)
(မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်ရှိ လေဘေးသင့်ပြည်သူများအား မေလ ၂၂ရက်က တွေ့ဆုံနေသည့် ကိုဝေဟင်အောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - ကိုဝေဟင်အောင်)

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ကူညီပေးနေသည့် စာရေးဆရာကိုဝေဟင်အောင်အပါအဝင် လူအချို့ကို စစ်ကောင်စီက ယနေ့(မေလ ၂၃ရက်) နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“ စစ်ဆေးနေတုန်းလို့ ကြားပါတယ်” ဟု ရခိုင်ဒေသခံက ကိုဝေဟင်အောင် ဖမ်းဆီးခံရမှုအပေါ် ပြောသည်။

ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။

ကိုဝေဟင်အောင်သည် ဒေါက်တာအေးမောင်နှင့်အတူ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သူလည်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖမ်းဆီးသည်ကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာလု​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာ စစ်အုပ်စုရဲ့ ဂုဏ်ပြုခံရင်းကနေ ၆၄ ရက်သား ကလေးငယ် ဂျက်‌ချေကို ဆေးရုံထဲအထိ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Facebook