Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် စစ်ကောင်စီထံက ကုလစောင့်ဆိုင်းနေရ

မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။

မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် စစ်ကောင်စီထံက ကုလစောင့်ဆိုင်းနေရ

မုန်တိုင်းဒဏ်သင့်အရပ်တွေက ပြည်သူတွေထံ ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက် ပို့ဆောင်နိုင်ဖို့ စစ်ကောင်စီထံက ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ပြောရေးဆိုခွင့်ရှိသူက မနေ့မေလ ၂၂ ရက် မှာထပ်မံပြောဆိုလိုက်ပါတယ်။

မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်တွေဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး လူနေအိမ်ခြေတွေ ၊ ဆေးရုံဆေးခန်းတွေ ၊စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကုလ ဖော်ပြပါတယ်။

ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်ထဲက ကမ်းခြေအနီးကျေးရွာတွေဟာ ထိခိုက်မှုကြီးမားခဲ့ပြီး ကျွဲ၊နွားတွေ ဆုံးရှုံးတာရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မုန်တိုင်းသင့်ဒေသတွေမှာ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး သောက်ရေသန့် ရဖို့ ခက်ခဲနေတယ်လို့ ကုလက ပြောပါတယ်။

ဒီလို ဘေးသင့်ပြည်သူတွေဆီ အကူအညီပေးနိုင်ဖို့အတွက် နေပြည်တော် နဲ့ဆွေးနွေးနေပြီး နှစ်ပတ်အတွင်း ရခိုင်နဲ့ ချင်းလို့ မုန်တိုင်းသင့်ဒေသတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးဖို့စီစဉ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ် ဒေသကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာလည်း ကူညီထောက်ပံ့ရေးခွင့်ပြုဖို့ ကုလအတွင်းရေးမှူးချုပ်ဟာ နေပြည်တော်ကိုသွားပြီး စစ်အစိုးရထံ တောင်းခံခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။