Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့အနီးက ကျေးရွာများကို TNLAစစ်ဦးစီးချုပ် စည်းရုံးရေးဆင်း၊ စစ်ရေးနိုင်ငံရေး အခြေအနေတွေ ရှင်းပြ

PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်နှင့်အဖွဲ့သည် ယမန်နေ့(ဇွန်လ ၆ရက်)တွင် TNLA တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် လူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - News & Information Department)
(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - News & Information Department)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်ပြီး ဒေသခံလူထုများနှင့် တွေ့ဆုံကာနိုင်ငံရေးစစ်ရေးအခြေအနေများကို ရှင်းပြခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်နှင့်အဖွဲ့သည် ယမန်နေ့(ဇွန်လ ၆ရက်)တွင် TNLA တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် လူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - News & Information Department)
(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ – News & Information Department)

“မနေ့က စစ်ဦးစီးချုပ်က အဲဒီ ကွတ်ခိုင်က ကျေးရွာတွေကို သွားရောက်ပြီးတွေ့ဆုံခြင်းဖြစ်ပါတယ်။ အဲဒီရွာတွေက မြို့နဲ့တော့ သိပ်တော့ မဝေးပါဘူး။ ကားလမ်းတလျှောက်ပေါ့လေ။ အဓိက လူထုတွေ့ဆုံပွဲပဲ။ စည်းရုံးရေးကိစ္စတွေပေါ့”ဟု TNLA သတင်းပြန်ကြားရေး အရာရှိက People’s Spring သို့ ဖြေကြားသည်။

စစ်ဦးစီးချုပ်အနေဖြင့် ဒေသတွင်းရှိကျေးရွာ ၅ရွာခန့် သွားရောက်ကာ လူထုတွေ့ဆုံမှုလုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၆ရက် တွေ့ဆုံပွဲအခမ်းအနားကို ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်နှင့်အဖွဲ့၊ တပ်မဟာ(၅) တပ်မဟာမှူးနှင့်အဖွဲ့၊ သံလွင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့် ကွတ်ခိုင်မြို့နယ်ရှိ ဒေသခံပြည်သူလူထု စုစုပေါင်း လူဦးရေ (၆၀၀)နီးပါး တက်ရောက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲ၌ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်မှ လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်လင်းပြောကြားခြင်း၊ PSLF/TNLA၏ လက်ရှိဆောင်ရွက်နေသည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ ရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - News & Information Department)
(ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို တအာင်းတပ်မတော် (TNLA)စစ်ဦးစီးချုပ် သွားရောက်တွေ့ဆုံနေစဥ်။ ဓာတ်ပုံ – News & Information Department)

ထို့ပြင် တအာင်းလူမျိုးများအကြား ပဋိပက္ခကိုရှောင်ရှားပြီး အချင်းချင်းစည်းလုံးသင့်ကြောင်း စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ရှိနိုင်ငံရေး အကြပ်အတည်းကြားတွင် ပြည်သူလူထုများအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုမရှိစေရန်နှင့် စိတ်ဓာတ်မြှင့်တင်ထားရန် အားပေးစကားပြောကြားခဲ့ကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

Fact-Check

ထိုစာအတုကို Photoshop ဖြင့်ပြုပြင်၍ ​ဖေစ်ဘွခ်တွင် ဖြန့်ချီခဲ့ခြင်းဖြစ်

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာ ညှိနှိုင်းရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဗိုလ်ချုပ်အဆင့် အရာရှိ ဦးဆောင်ပြီး ညှိနှိုင်းလျက်ရှိသည်ဟု KIO/KIA၏ ဧပြီ ၉ရက်ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။