Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

TNLA၊ MNDAA နှင့်AA တပ်ဖွဲ့များထံမှ လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်ရေးအကူအညီများရကြောင်း KNDFအသိပေး

KNDF ထူထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KNDF ဥက္ကဋ္ဌခွန်းဘီထူးက မိန့်ခွန်းပြောကြားခဲ့ရာ KNDF စုဖွဲ့မှု (၂)နှစ်တာအတွင်း ဝါရင့်ပြီး ရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာ ရရှိခဲ့ကြောင်းကို အသိပေးခဲ့ခြင်းဖြစ်သည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

KNU၏ စစ်ရေးသင်တန်း၊နည်းနာများစွာ သင်ယူခွင့်ရပြီး ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုအောက်မှတိုက်ပွဲဝင်ခဲ့ဟု ဖော်ပြ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ထံမှ လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်ရေးအကူအညီများ ရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ကျရောက်သည့် တပ်ဖွဲ့စည်းမှု (၂)နှစ်ပြည့်နေ့တွင် အသိပေးလိုက်သည်။

KNDF ထူထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KNDF ဥက္ကဋ္ဌခွန်းဘီထူးက မိန့်ခွန်းပြောကြားခဲ့ရာ KNDF စုဖွဲ့မှု (၂)နှစ်တာအတွင်း ဝါရင့်ပြီး ရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာ ရရှိခဲ့ကြောင်းကို အသိပေးခဲ့ခြင်းဖြစ်သည်။

“မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြတဲ့ မြန်မာနိုင်ငံ အမှန်တရားနဲ့တရားမျှတသောမျိုးသားပါတီ/မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တို့ထံကနေ လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူအညီများကို ရရှိခဲ့ပါတယ်။သည်အကူအညီများကြောင့် KNDF ဟာ တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ စစ်ရေး နိုင်ငံရေးမှာ ခိုင်မာတဲ့လမ်းကြောင်း ပေါ်လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပါတယ်”ဟု ခွန်းဘီထူးက ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)၏ စစ်ရေးသင်တန်းနှင့် နည်းနာများစွာ သင်ယူခွင့်ရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အထူးသဖြင့် ကရင်နီအမျိုးသားတပ်မတော်(KA)နဲ့ ပြည်နယ်တွင်းရှိ တပ်ဖွဲ့များရဲ့ ဖေးမ ကူညီမှုရရှိခဲ့ပါတယ်။ဒါ့အပြင် ၂နှစ်တာအတွင်း နိုင်ငံအနှံ့က ဘ၀တူတော်လှန်ရေးတပ်ဖွဲ့များစွာနဲ့လည်း ချိတ်ဆက်ဖလှယ်ခွင့် ရရှိခဲ့ပါတယ်။ ဒါတွေဟာ တော်လှန်ရေးအင်အားနဲ့ အရှိန်ကို KNDF ပါဝင်ခွင့်ရရှိထားတာဖြစ်ကြောင်း ဖော်ပြလိုက်တာဖြစ်တယ်”ဟု ခွန်းဘီထူးက ပြောသည်။

တစ်နိုင်ငံလုံး ချိတ်ဆက်မှုသည် မုချအောင်မြင်မှုရရှိမှာဖြစ်ပြီးKNDF အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ လက်တွဲခွင့်ရရှိသည့်အပေါ် အမြဲဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။

“ကရင်နီတပ်မတော်(KA) ရဲ့စစ်ရေးဦးဆောင်မှုဟာ အရေးကြီးအသိအမှတ်ပြုဖို့နဲ့ ဆက်လက် ပူးပေါင်းဖို့ လုပ်ရမယ်ဖြစ်ပါတယ်။ KA ရဲ့ စစ်ဦးစီးမှုနဲ့အတူ KNDF တပ်များအပြင် အခြားတပ်ဖွဲ့များနဲ့ ပူးပေါင်းလက်တွေ့ကြိုးစားမှုများကြောင့်တ ပ်ပိုင်းဆိုင်ရာ နားလည်ယုံကြည်မှု မြင့်မားနေပြီး အခက်အခဲများစွာကိုကျော်လွှာနိုင်ခဲ့ပါတယ်”ဟု ခွန်းဘီထူးက ပြောသည်။

(၂)နှစ်တာအတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော် တိုက်ခိုက်ပြီးဖြစ်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် ၆၀၀ကျော်ရရှိခဲ့ကြောင်းလည်း ခွန်းဘီထူးက အသိပေးသည်။

KNDF ဖွဲ့စည်းမှု (၂)နှစ်ပြည့်သို့ TNLA၊ MNDAA၊ AA ညီနောင်သုံးဖွဲ့က သဝဏ်လွှာပေးပို့ခဲ့ရာ KNDFသည် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ထိုးစစ်ကို အကောင်းဆုံး ကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကရင်နီတို့၏ သမိုင်းသစ်ကို မျိုးဆက်သစ်၊ သွေးသစ်လူငယ်များဖြင့် အပြောင်မြောက်ဆုံးရေးထိုးနိုင်သော အဖွဲ့အစည်းဖြစ်ကြောင်းကို တိုက်ပွဲများ၊ လုပ်ရပ်များဖြင့် သက်သေပြထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြသည်။

တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ ဘ၀များစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရသော ကရင်နီပြည်သူလူထု ကရင်နီသူရဲ့များများနှင့် တော်လှန်ရေးရဲဘော်များကို လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သဝဏ်လွှာပို့သည်။

(၂)နှစ်တာကာလအတွင်း တော်လှန်ရေး အခက်အခဲ အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသော KNDFအဖွဲ့အစည်းနှင့် ကရင်နီလူမျိုးများ၏ ကြိုးစားအားထုတ်မှုများကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြသည်။

ထို့အပြင် လက်ရှိ ရရှိထားသော အောင်မြင်မှုများထက်ပိုသော အောင်မြင်မှုများနှင့်အတူ ကရင်နီတစ်မျိုးသားလုံးမျှော်လင့်သော မျှော်မှန်းချက်၊ KNDF မှ ချမှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံးပြည့်၀နိုင်ပါစေဟုလည်း ညီနောင်သုံးဖွဲ့၏ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။