Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အာဆီယံထဲ ပြန်ဆွဲသွင်းချင်တဲ့ ထိုင်းရဲ့ အားထုတ်မှု အပြင်းအထန် ဝေဖန်ခံနေရ

ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီး ရာထူးက စွန့်ခွာရတော့မယ့် ထိုင်းအစိုးရဟာ မြန်မာ့အရေး ပြန်လည် စေ့စပ် ညှိနှိုင်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘန်ကောက်မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို စစ်ကောင်စီ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်။ ဓါတ်ပုံ-ရိုက်တာ)
(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်။ ဓါတ်ပုံ-ရိုက်တာ)

ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာ မျက်နှာစာမှာ အပယ်ခံဘဝ ရောက်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံ အသိုက်အဝန်းထဲ လူရာဝင်အောင် ပြန်ဆွဲခေါ်မယ့် ထိုင်း ကြားကာလ အစိုးရရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြင်းထန်နေသလို အရေးပါတဲ့ အာဆီယံ နိုင်ငံကြီးတွေကလည်း ထိုင်းက ခေါ်ယူတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း ယတိပြတ် ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီး ရာထူးက စွန့်ခွာရတော့မယ့် ထိုင်းအစိုးရဟာ မြန်မာ့အရေး ပြန်လည် စေ့စပ် ညှိနှိုင်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘန်ကောက်မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို စစ်ကောင်စီ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဟာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာမှု မရှိတဲ့ စစ်ခေါင်းဆောင်တွေကို အရေးကြီး အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ ဆိုင်းငံ့ထားတာကြောင့် ထိုင်း ကြားကာလ အစိုးရရဲ့ လက်ရှိ လုပ်ရပ်ဟာ အဲဒီ အခြေအနေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒါ့အပြင် မကြာခင် အာဏာသိမ်းတော့မယ့် အစိုးရမျိုးက ကိုယ်တိုင်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဟုတ်ဘဲ ဒီလို အစည်းအဝေးမျိုး ခေါ်ယူခြင်းက ကျင့်ဝတ်အရရော၊ လုပ်ထုံးလုပ်နည်း အရပါ အများမေးငေါ့စရာ ဖြစ်နေပြန်ပါတယ်။ ထင်ရှားမြင်သာတဲ့ တိုက်ဆိုင်မှု တခုကတော့ လက်ရှိ ထိုင်းအစိုးရ ကိုယ်တိုင်က အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ခြယ်လှယ် ကြီးစိုးနေတာ ဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ထိုင်းကတော့ အခုသီတင်းပတ် အစောပိုင်း အစည်းအဝေးကို လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်အပြင် မြန်မာက ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ သေချာပေါက် တက်ရောက်မှာမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို လိုလားလက်ခံတဲ့ သဘောထားမျိုး ပြသခဲ့တဲ့ ကမ္ဘောဒီးယားတောင်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကိုသာ စေလွှတ်မယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ဟာ အာဆီယံ အစုအဖွဲ့ထဲ မပါဝင်ပေမယ့် ဒေသတွင်း အင်အားကြီး အိမ်နီးချင်းတွေ အနေနဲ့ အရင်ကလည်း မြန်မာ့အရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ ဒေသတွင်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားအပြင် မလေးရှားကပါ ထိုင်းက ခေါ်ယူတဲ့ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း အတိအလင်း ကြေညာထားပါတယ်။ စင်ကာပူကလည်း နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် ခရီးစဉ်ကြောင့် မအားလပ်ဘူးလို့ အကြောင်းပြပြီး အစည်းအဝေးတက်ဖို့ ငြင်းခဲ့ပါတယ်။

မလေးရှားရဲ့ ထုတ်ပြန်ချက်မှာတော့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ မြန်မာ့အရေး ဦးဆောင် ဖြေရှင်းဖို့ အားထုတ်မှုတွေကို ဘောင်ကျော်တဲ့ ထိုင်းရဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့ အရိပ်အယောင်မျိုးတွေ မသိမသာ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။ အင်ဒိုနီးရှားကတော့ ထိုင်းက ဦးဆောင်မယ်ဆိုတဲ့ အစည်းအဝေးကို အသိအမှတ်တောင် ပြုပုံ မရပါဘူး။

မြန်မာ နိုင်ငံမှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ အရပ်ဖက် အဖွဲ့အစည်း ၃၀၀ ကျော်တို့က ထိုင်းရဲ့ လုပ်ရပ်ကို ဝေဖန် ရှုတ်ချထားသလို အာဆီယံ အသိုက်အဝန်းထဲက နိုင်ငံရေးသမားဟောင်းတွေ၊ လေ့လာသူတွေကလည်း အသီးသီး ဝေဖန်နေကြပါတယ်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်ကတော့ သူ့ရဲ့ လုပ်ရပ်ကို ကာကွယ်ခဲ့ပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ မြန်မာ့ အကျပ်အတည်းအတွက် အပြောင်းအလဲ တခုခုကို ဖော်ဆောင်ပေးဖို့ အဓိက ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ ထိုင်းဟာ အာဆီယံကို ကိုယ်စားပြုပြီး အခုဆွေးနွေးပွဲကို အကောင်အထည် ဖော်မှာ မဟုတ်ကြောင်း၊ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ရင် ထိုင်းဟာ အထိခိုက်၊ အခံစားရဆုံး အခြေအနေမှာ ရှိနေကြောင်း သူက ဆိုပါတယ်။

တကယ်တမ်းမှာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ အမြန်ဆုံး ပြီးဆုံးသွားဖို့ အလိုလားဆုံး အာဆီယံ နိုင်ငံက ထိုင်းသာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်သွားခြင်းက ထိုင်းကိုပါ တိုက်ရိုက်ကျကျ အကျိုးကျေးဇူး ရရှိစေတာကြောင့်ဖြစ်ကြောင်းလည်း သူက အကြောင်းပြသွားခဲ့ပါတယ်။

ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...