Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်အခြေစိုက် PDF ထုတ်လုပ်ရေးစခန်းတစ်ခုမီးလောင်ပြီး ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံး

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ကလည်း မုံရွာခရိုင်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း အပူရှိန်လွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ပြီး ထုတ်လုပ်ရေးပစ္စည်းများ ကျပ်သိန်း၇၀ဖိုးခန့် ဆုံးရှုံးခဲ့သေးသည်။

(Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Attack Force)
(Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Attack Force)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင်တပ်ရင်း (၂၊၃၊၄)Chindwin Attack Force အဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီး လက်လုပ်လက်နက်များအပါအဝင် ကျပ်သိန်း ၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၁၉ ရက်က လက်နက်ထုတ်လုပ်နေစဥ် မတော်တဆဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သိန်း၁၅၀ မှ ၂၀၀ကြားတန်သည့် သိုလှောင်ထားသော ယမ်းများ၊ ချေမှုန်းရေးရိုင်ဖယ်များ၊ လုပ်လက်စ လက်လုပ်များ၊ မော်တာများ၊ တွင်ခုံများအပါအဝင် ကျပ်သိန်း ၃၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Chindwin Attack Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တဖွဲ့က ဂဟေဆော်နေတာ။ တဖက်က ကျည်ဘောက်တွေလုပ်နေတာကို မီးပွားစင်ပြီး မီးလောင်တာပါ။ တော်တော်လေး ပျက်စီးဆုံးရှုံးတယ်။ တစ်လက်သိန်း၂​၀လောက်တန်တဲ့ ရိုင်ဖယ် တွေလည်း ပျက်စီးသွားတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန် Chindwin Attack Force အဖွဲ့ဝင် ရဲဘော်များက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ကလည်း မုံရွာခရိုင်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း အပူရှိန်လွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ပြီး ထုတ်လုပ်ရေးပစ္စည်းများ ကျပ်သိန်း၇၀ဖိုးခန့် ဆုံးရှုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ