Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင်စစ်တပ်ကင်းစခန်းကိုPDFများတိုက်ခိုက်စစ်သား ၄ ဦး​သေပြီး ​သေနက်​လေးလက်ရရှိ

စစ်ကောင်စီကင်းစခန်းကိုယနေ့(ဇွန်လ ၄ရက်) နံနက် ၇နာရီခန့်တွင် ချောင်းဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်အချို့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)
(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)

ချောင်းဦးမြို့နယ် လဝကရုံးအနီးမှ စစ်ကောင်စီတပ်ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်အချို့က ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး သေနတ် လေးလက်ကိုပါ သိမ်းယူနိုင်ခဲ့ကြောင်း​ဒေသခံနှင့်​တော်လှန်​ရေးရဲ​ဘော်အချို့က​ပြောသည်။

စစ်ကောင်စီကင်းစခန်းကိုယနေ့(ဇွန်လ ၄ရက်) နံနက် ၇နာရီခန့်တွင် ချောင်းဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်အချို့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“စစ်သား လေးယောက်သေပြီး ‌သေနတ်လေးလက်ပါ သိမ်းနိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒီသတင်းကို ကျွန်တော်တို့ကြားပါတယ်။ မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)
(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)

ချောင်းဦးမြို့ပေါ်ရှိ လဝကရုံးအနီး ကင့်စောင့်နေသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Farmers Revolution Forceအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ကင်းစောင့်နေသည့် စစ်သား ၄ ဦးစလုံးသေဆုံးပြီး ၎င်းတို့ထံမှ BA 63 (G3) ၄လက်၊ ကျည်ဘောက် ၄ ခုနှင့် ကျည် ၄၉ တောင့် သိမ်းဆည်းနိုင်ခဲ့ကြောင်းအထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့စခန်းထဲမှာပဲ ခါတိုင်းလို ပုံမှန်ကင်းစောင့်နေတဲ့အချိန် ကားနဲ့ ဝင်ပစ်လိုက်တာပါ။”ဟု ၎င်း ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

FRF ကတယ်လီဂရန်ချန်မှ တစ်ဆင့် စက္ကန့် ၄၀ ​ကျော်ကြာစစ်ဆင်​ရေးရုပ်သံဖိုင်ကို ထုတ်ပြန်ရာ စစ်တပ်စခန်းကို PDFများကအလစ်အငိုက်ဖမ်း၍ ​သေနတ်အချက်​ပေါင်းများစွာပစ်ခတ်တိုက်ခိုက်​နေသံနှင့် စစ်တပ်ထံမှသိမ်းဆည်းရရှိ​သော လက်နက်များကို ပြသထားသည်ကို​တွေ့ရသည်။

(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)
(စစ်တပ်ထံမှ PDFများသိမ်းဆည်းရရှိ​သော လက်နက်နှင့် ခဲယမ်းများ ။ဓါတ်ပုံ-CJ ၊FRF)

တိုက်ခိုက်ခံရပြီးနောက် စစ်သားများက ချောင်းဦးမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ဆင်ရေးကို Farmers Revolution Force – မုံရွာခရိုင်တပ်ရင်း ၈ က ဦးဆောင်ကာ PDF ပူးပေါင်းအဖွဲ့များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးရဲဘော်များအထိအခိုက်မရှိဟု အသိပေးသည်။

မေလ(၂၇)ရက်နေ့ ညပိုင်းက ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၃၀)နီးပါးမီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။