Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန်

ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍ သားသမီး သုံးယောက် ရှိသည်။

မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန်
မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန်

မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာ ဆရာညီပုလေး ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မန္တလေးစာပေအသိုင်းအဝိုင်းက ပြောသည်။

“ဆုံးတာတော့သေချာသွားပြီ။ နှလုံးကဖောက်လို့ ဆေးကုနေရတာ။”ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက ပြောသည်။

ဆရာညီပုလေးသည် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်တွင် မန္တလေးမြို့၌ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။ မွေးချင်းများတွင် ပဉ္စမမြောက်ဖြစ်၍ အငယ်ဆုံးလည်း ဖြစ်သည်။ သားသမီးငါးဦးထဲတွင် အငယ်ဆုံးဖြစ်၍ ကလောင်အမည်တွင် `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့သည်။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့သည်။

၁၉၇၅ မှ ၁၉၇၇ အတွင်း မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့နှင့် အတူ ထိန်းသိမ်း ခံရသည်။ မန္တလေးထောင်တွင် ၇ လ အချုပ်ခံခဲ့ရသည်။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် လျက်ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့သည်။

ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူတာ စာစီစာအုပ် ဖြစ်တဲ့ ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ၂ဝဝ၆ နှစ်က မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်ရဲ့ ပထမဦးဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။

ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍ သားသမီး သုံးယောက် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားစာပေဆုရှင် စာရေးဆရာ (ဦး) တင်ညွှန့် နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်နေသူ သားဖြစ်သူတို့ကို ဧပြီလ ၂၃ ရက်က ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။