Connect with us

Hi, what are you looking for?

သတင်း

ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ဦးအထိရှိလာ

ညောင်ကုန်း‌ကျေးရွာကို ယမန်နေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။

(ဇွန်လ ၂၇ ရက်က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်အပျက်အစီးများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ ၂၇ ရက်က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်အပျက်အစီးများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် တစ်ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၀ဦးအထိရှိပြီဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ညောင်ကုန်း‌ကျေးရွာကို ယမန်နေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။

“တစ်ဦး ထပ်သေဆုံးပါတယ်။ စုစုပေါင် ၁၀ဦး ရှိပါပြီ။အရေးပေါ် ကုသနေရသူတစ်ဦးလည်း ရှိနေပါတယ်”ဟု ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်‌ကျောင်း၊ လူနေအိမ် ၁၃လုံးပျက်စီးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူကာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး သုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။ ထိုအပြင် ငါးဦးဒဏ်ရာရထားပြီး ယင်းတို့အနက်မှတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေဟု ဦးဇော်ထက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။