Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်၊ ​ညောင်ကုန်းရွာကို စစ်​​ကောင်စီဗုံးကြဲပြည်သူသုံးဦး​ သေဆုံး​ကြောင်း ကနဦးသတင်းရရှိ

ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲပြီးနောက် ယခုအခါ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးသည် ပုလဲနှင့် ယင်းမာပယ်အစပ်ဒေသများတွင် ပျံဝဲနေကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီ တိုက်​လေယာဥ်ကချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ​မေလ ဒုတိယပါတ်ကဗုံးကျဲ​နေစဥ် ။ ဓါတ်ပုံ-CDF မင်းတပ်)
(စစ်​ကောင်စီ တိုက်​လေယာဥ်ကချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ​မေလ ဒုတိယပါတ်ကဗုံးကျဲ​နေစဥ် ။ ဓါတ်ပုံ-CDF မင်းတပ်)

ပုလဲမြို့နယ် ညောင်ကုန်းရွာကိုယနေ့(ဇွန် ၂၇) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းအရ ပြည်သူသုံးဦးသေဆုံးကြောင်းပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

“အဲ့ရွာမှာဘာမှမရှိဘူးဗျ။အစည်းအဝေးလည်းမရှိဘူး။ တပ်ရင်းတပ်ဖွဲ့လည်း မရှိဘူး။ဘယ်လိုသတင်းအမှားနဲ့ ပစ်တယ်မသိဘူး။ လောလောဆယ် ပြည်သူ သုံးဦး သေဆုံးတယ်လို့ကြားပါတယ်”ဟု ဦးဇော်ထက်ကဆက်ပြောသည်။

ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲပြီးနောက် ယခုအခါ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးသည် ပုလဲနှင့် ယင်းမာပယ်အစပ်ဒေသများတွင် ပျံဝဲနေကြောင်း ဒေသခံများကပြောသည်။

စစ်​ကောင်စီတပ် ​လေ​ကြောင်း လှုပ်ရှားမှုများတွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ​လေယာဥ်တစ်စင်း မြောက်ဘက်သို့ ယ​နေ့မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် ထွက်ခွာပြီး ည​နေ ၄ နာရီတွင် တံတားဦး သို့ပြန်လည်ဆင်းသက်​သည်ကိုစစ်တပ်​လေ​ကြောင်း​စောင့်ကြည့်​ရေးချန်နယ်များမှသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။