Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်၊ ​ညောင်ကုန်းရွာကို စစ်​​ကောင်စီဗုံးကြဲပြည်သူသုံးဦး​ သေဆုံး​ကြောင်း ကနဦးသတင်းရရှိ

ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲပြီးနောက် ယခုအခါ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးသည် ပုလဲနှင့် ယင်းမာပယ်အစပ်ဒေသများတွင် ပျံဝဲနေကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီ တိုက်​လေယာဥ်ကချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ​မေလ ဒုတိယပါတ်ကဗုံးကျဲ​နေစဥ် ။ ဓါတ်ပုံ-CDF မင်းတပ်)
(စစ်​ကောင်စီ တိုက်​လေယာဥ်ကချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ​မေလ ဒုတိယပါတ်ကဗုံးကျဲ​နေစဥ် ။ ဓါတ်ပုံ-CDF မင်းတပ်)

ပုလဲမြို့နယ် ညောင်ကုန်းရွာကိုယနေ့(ဇွန် ၂၇) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းအရ ပြည်သူသုံးဦးသေဆုံးကြောင်းပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

“အဲ့ရွာမှာဘာမှမရှိဘူးဗျ။အစည်းအဝေးလည်းမရှိဘူး။ တပ်ရင်းတပ်ဖွဲ့လည်း မရှိဘူး။ဘယ်လိုသတင်းအမှားနဲ့ ပစ်တယ်မသိဘူး။ လောလောဆယ် ပြည်သူ သုံးဦး သေဆုံးတယ်လို့ကြားပါတယ်”ဟု ဦးဇော်ထက်ကဆက်ပြောသည်။

ညောင်ကုန်းရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲပြီးနောက် ယခုအခါ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီးသည် ပုလဲနှင့် ယင်းမာပယ်အစပ်ဒေသများတွင် ပျံဝဲနေကြောင်း ဒေသခံများကပြောသည်။

စစ်​ကောင်စီတပ် ​လေ​ကြောင်း လှုပ်ရှားမှုများတွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ​လေယာဥ်တစ်စင်း မြောက်ဘက်သို့ ယ​နေ့မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် ထွက်ခွာပြီး ည​နေ ၄ နာရီတွင် တံတားဦး သို့ပြန်လည်ဆင်းသက်​သည်ကိုစစ်တပ်​လေ​ကြောင်း​စောင့်ကြည့်​ရေးချန်နယ်များမှသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

Facebook