Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​မော်ချီးမြို့အနီး တိုက်​လေယာဥ်ဖြင့်ဗုံးကျဲ

မယ်စဲ့မြို့ ရှိ စစ်စခန်းအားလုံးကို ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)
(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)

▪︎မယ့်စဲမြို့အသိမ်းခံရပြီး​နောက် စစ်​ကောင်စီက ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ပြီး ၊လွိုင်​ကော်မြို့တွင်လည်း စစ်တပ်အင်အားဖြည့်တင်း

ကရင်နီ(ကယား)ပြည်နယ်၊ မော်ချီးမြို့အနီး စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန် ၂၈ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ထက်မနည်း မော်ချီးလမ်း ပိုင်း ၁၀ မိုင်ခန့်တွင် ဗုံးကျဲခဲ့ခြင်း ဖြစ်​ကြောင်းသိရသည်။

“မယ်စဲ့ ကို တိုးချင်တာ မရလို့ လမ်းကြောင်း လာရှင်း တာလို့ ပြောလို့ရတယ်။အဲဒီဘက် တိုက်ပွဲက တော့မရှိဘူး။ဒါပေမယ့် စကစ ခြေလျင်တပ်တွေအနေနဲ့ သံလွင် ကို ဖြတ်ဖို့ က ခတ်နေတာဆိုတော့ ရတဲ့နည်းနဲ့ဝင်ဖို့ လမ်းကြောင်း ရှာနေတာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

သို့​သော် ယ​နေ့ နေ့လည်ပိုင်းကစစ်ကောင်စီတပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိ၊မရှိကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မယ်စဲ့မြို့ ရှိ စစ်စခန်းအားလုံးကို ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊လောပိတ၊ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားသည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။

“ကရင်နီ နဲ့ ပတ်သက်လို့ အထိနာနေတော့ ဝင်ပေါက်ထွက်ပေါက်တွေကို ပတ်ပတ်လည် ပိတ်ချင်ပုံရတယ်။နောက်ပြီး အခု ရက်ပိုင်း စစ်ကောင်စီက လွိုင်ကော်ကိုလူရော၊ ရိက္ခာရော တော်တော်ပို့နေတယ်။ တိုက်ပွဲကတော့နေရာမရွေး ဆက်ဖြစ်နိုင်သလို ပြင်းထန်တဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာဖို့ရှိတယ်”ဟု ကရင်နီရဲဘော်တစ်ဦးက ​ပြောသည်။

ထို့အပြင် ဇွန် ၂၇ ရက်နံနက်ပိုင်းကစ၍ လွိုင်ကော်၊မိုးဗြဲနှင့် ဒီးမော့ဆို မြို့များ၌စစ်တပ်ပိုင်သည့် Mytel ဆက်သွယ်ရေးလိုင်းမှအပကျန်ရှိသည့်ဆက်သွယ်ရေးလိုင်းများကို စစ်​ကောင်စီက ဖြတ်​တောက်ထား​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။