Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမြို့နယ်၊​ ကျောက်ပဲညိုရွာကိုစစ်ကောင်စီတပ် ကတိုက်​လေယာဥ်ဖြင့်ဗုံးကျဲ

စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချမှုအတွင်း ထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDF တာဝန်ရှိသူက အသိပေးသည်။

(စစ်​ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့လည်ပိုင်းတွင် ကျောက်ပဲညိုရွာကိုဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့လည်ပိုင်းတွင် ကျောက်ပဲညိုရွာကိုဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ ကျောက်ပဲညို ကျေးရွာ ကို စစ်ကောင်စီက ယ​နေ့တွင်တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဖားဆောင်းမြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကျောက်ပဲ ညိုရွာကို ယနေ့(ဇူလိုင် ၉ ရက်) နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

“သူတို့ ထိုးစစ်မဝင်နိုင်လို့ ရွာကို လေကြောင်းသုံးပြီး ဗုံးကျဲတာ။ဒေသခံတွေကတော့ အကုန်စစ်ရှောင်ထားတာ နှစ်ပတ်ကျော်လောက်ရှိပြီ။နေအိမ်ပျက်စီးမှုတော့ ရှိပေမယ့် အသေးစိတ်တော့မသိရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချမှုအတွင်း ထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDF တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထိခိုက်မှု မရှိဘူး။စစ်ရေးအရတော့ အချိန်မရွေးဆက်ဖြစ်နိုင်တယ်။စစ် ကောင်စီဘက်က ဖားဆောင်းသံလွင်တံတားမယ်စဲ့ ဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေသလို ကျွန်တော် တို့ဘက်ကလည်း တားဆီးထားတယ်။ဘယ်အချိန်ဘာထဖြစ်မလဲ ဆိုတာ ပြောလို့မရတဲ့ အနေအထားပေါ့”ဟု ၎င်းက People’s Springသို့ ပြောသည်။

မယ်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားပြီး နောက်ပိုင်း စစ်ကြောင်းထိုးလာသော တပ်မ ၄၄ လက် အောက်ခံတပ်ရင်းများကို ဖားဆောင်းပြည်သူ့ကာ ကွယ် ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊Loikaw PDFနှင့် EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​သောတော် လှန်ရေးရဲဘော်များက ပူးပေါင်းတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။

သတင်း

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တရားစခန်းများရှိနေသော သပြေရေတောင် ဘုရားကုန်းအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။