Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့ရှိ ခလရ (၁၃၄) ၊ (၁၃၅)ကိုဝိုင်းထား

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။

(စစ်ကူလာ​သောစစ်​ကြောင်းကို ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့် စစ်သုံ့ပန်းအချို့ ။ဓါတ်ပုံ-ကရင်နီတပ်​ပေါင်းစု)
(စစ်ကူလာ​သောစစ်​ကြောင်းကို ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့် စစ်သုံ့ပန်းအချို့ ။ဓါတ်ပုံ-ကရင်နီတပ်​ပေါင်းစု)

▪︎​ဘောလခဲမှစစ်ကူလာ​သောစစ်​ကြောင်းနှစ်ခုစလုံးကို ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်ခဲ့

ရဲခေါင်/People’s Spring

ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်နှစ်ခုကို ကရင်နီတပ်ပေါင်းစု က ဝိုင်းထားကြောင်း ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(KPLA-ကလလတ) ဗျူဟာ( ၁)စစ်ဗျူဟာမှူး စိုင်းချစ်လှိုင်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် မတ်လ နှင့် ဧပြီ နှစ်လ စလုံးတွင် ဘောလခဲ မြို့ဘက်မှ စစ်ကူပေးရန်လာရောက်ခဲ့သော်လည်း နှစ်ကြိမ်စလုံး​​တော်လှန်​ရေးတပ်ဖွဲ့များက ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့​သော​ကြောင့် သေဆုံးထိခိုက် မှုများနှင့် လက်နက်ချအညံ့ခံခဲ့ရသည်ဟု “နေ ပြည်တော် သိမ်းပိုက်အောင်လံစိုက်”လူမှုကွန်ယက်စာမျက်နာမှ တဆင့် အသိပေးသည်။

“အခု လက်ရှိ ရှိနေတဲ့ ကျွန်တော်တို့ ပူးပေါင်းတပ်ကနေ ဝိုင်းထားတဲ့ ၁၃၄ ၊ ၁၃၅ ကို စစ်ကူဖြည့်ဖို့ လာတဲ့ စစ်ကြောင်းက အင်အား ၁၀၀ ကျော်နဲ့လာတာပေါ့။တပ်ရင်းမှူးအဆင့်အပါအဝင်၊ဒုရင်းမှူးရော၊စစ့ကြောင်းမှူးနဲ့ နောက် ဗိုလ်မှူး တစ်ယောက်အပါအဝင် လေးဦးက တပ်ရင်း ၄ ရင်းပူးပေါင်းပြီး စစ်ကြောင်း ထိုးလာတာ”ဟု ဧပြီ ၁၁ ရက်နေ့က လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်သား ၅၆ ဦးနှင့်ဆက်စပ်၍ ရဲဘော် စိုင်းချစ်လှိုင်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ၌ သေဆုံးဖမ်းမိခဲ့သော စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးတွင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂) လက်အောက်ခံတပ်ရင်းခမရ ၅၁၅၊၅၁၆ ၊တပ်မ ၆၆ လက် အောက်ခံ ခလရ ၁ နှင့် လွိုင်ကော် ဒေသကွပ်ကဲစစ်ဆင်ရေးဌာနချုပ်(ဒကစ)၏ ခလရ ၁၃၅ တို့ပါရှိသည်။

အဆိုပါ စစ်ကြောင်းတွင်ပါရှိသည့် စစ်​ကောင်စီအရာရှိ လေးဦးအနက် ထွက်ပြေးရန်ကြိုးပမ်းသည့် အရာရရှိတစ်ဦမှာစနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်းလည်း သိရသည်။

(စစ်ကူလာ​သောစစ်​ကြောင်းကို ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့် စစ်သုံ့ပန်းအချို့ ။ဓါတ်ပုံ-ကရင်နီတပ်​ပေါင်းစု)
(စစ်ကူလာ​သောစစ်​ကြောင်းကို ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲ့ယမ်းများနှင့် စစ်သုံ့ပန်းအချို့ ။ဓါတ်ပုံ-ကရင်နီတပ်​ပေါင်းစု)

“လက်နက်ချလာတဲ့သူတွေကို လွတ်မြောက်တဲ့တနေရာမှာ ရွှေ့ထားပေးတယ်။သူတို့ ထိခိုက်ဒဏ်ရာရနေတာတွေကိုလည်း ဆေးကုသပေးနေတယ်။အဝတ်အစားလည်းမပါလာဘူး။ဖိနပ်လည်း မပါလာဘူး။အဝတ်အစားလည်း ဝယ်ပေးရတယ်။ဖိနပ်တွေကအစ။အရာအားလုံးစောင့်ရှောက်ထားပေးတယ်”ဟု (KPLA-ကလလတ) ဗျူဟာ ၁ စစ်ဗျူဟာမှူးကပြောသည်။

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ် ကြောင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၅၃ ဦးသေဆုံးပြီး စစ်ကောင်စီ ဗျူဟာမှုးအပါအဝင် ၅၆ဦး ဖမ်းမိပြီး လက်နက် ၇၆လက်ရရှိခဲ့ကြောင်း ကရင်နီစစ် ရေးသတင်းရင်းမြစ်များက ကနဦး အသိပေးထားသည်။

မတ်လ ၂၀ ရက်ကလည်း ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗျုဟာမှူး အပါ အဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၆ ဦး သေဆုံးပြီး တစ်ဦး ဖမ်းမိခဲ့သည်။

ထိုစဥ်က စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့များကထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။