Connect with us

Hi, what are you looking for?

သတင်း

KNU မူးမြို့နယ်ရှိ စစ်ရှောင်ပြည်သူလူထုများ၏ နေအိမ်နှင့် စပါးကျီများ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

နိုကူးကျေးရွာသည် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက စတင်ကာ စစ်ဘေးရှောင်နေရပြီး ယခုအချိန်အထိ ကျေးရွာအတွင်းသို့ ရွာသားများ ပြည်လည်နေထိုင်နိုင်ခြင်းမရှိသော ကျေးရွာတစ်ခု ဖြစ်သည်ဟု အသိပေးထားသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှံးရမှုများအား တွေ့ရစဥ်။ဓာတ်ပုံ − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး)
(အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှံးရမှုများအား တွေ့ရစဥ်။ဓာတ်ပုံ − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး)

▪︎ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်၍ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များနှင့် စပါးကျီများ ၊ အခြားပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် နံနက်က KNU တပ်မဟာ(၃)နယ်မြေဖြစ်သည့် မူးမြို့နယ်၊ နိုကူးကျေးရွာအတွင်း စစ်ကောင်စီတပ်၏ တပ်မ-၇၇ နှင့် နယ်ခြားစောင့်တပ် (B.G.F) တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်လာပြီး ဒေသခံပြည်သူလူထုများ၏ နေအိမ်များ၏ နေအိမ် ၂၇လုံး၊ တဲ ၁၁လုံးနှင့် စပါးကျီ ၁၆လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ထင်းစင် (၇)စင်၊ ဆိုင်ကယ် ငါးစီး၊ စက်ဘီး သုံးစီး၊ မီးစက် တစ်လုံးနှင့် ဝက်ခြံ တစ်ခြံတို့ကို မီရှို့ဖျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

နိုကူးကျေးရွာသည် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက စတင်ကာ စစ်ဘေးရှောင်နေရပြီး ယခုအချိန်အထိ ကျေးရွာအတွင်းသို့ ရွာသားများ ပြည်လည်နေထိုင်နိုင်ခြင်းမရှိသော ကျေးရွာတစ်ခု ဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များပြည်သူလူထုများ အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးလိုလျှင် ကေအဲန်ယူသတင်းနှင့် ပြန်ကြားရေး (ဗဟို) သို့မဟုတ် ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများကော်မတီ (C.I.D.K.P) သို့ ဆက်သွယ်ကူညီနိုင်ကြောင်း အသိပေးထားသည်။ ထို့အပြင် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအမည်ခံကာ Social Midea များပေါ်တွင် ပြည်သူလူထုများ၏ ငွေများအားလိမ်လည် ရယူမှုများရှိနေကြောင်း KNU က သတိပေးခဲ့ပြီး ကူညီထောက်ပံ့မှုများလုပ်ဆောင်ရာတွင် အထူးသတိပြုလုပ်ဆောင်ရန် အသိပေးထားသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ကလေးငယ် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့နယ်၊ ကျောက်အိုင်အုပ်စု၊ ရွှေဝါချောင် ကျေးရွာသို့ စစ်ကောင်စီက ဇူလိုင် ၂၀ရက် နံနက်တွင် လက်နက်ကြီးပစ်ခတ်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး ဘယ်ဘက်နားထင်ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး အသက် (၆)နှစ်အရွယ် ကလေးငယ်မှာ ဦးခေါင်း ကျည်စထိမှန် (စိုးရိမ်ရ) ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အပြစ်မဲ့ ပြည်သူ လူထုများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်ပြီး ပြည်သူများ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်ဟု KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။