Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တိုးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်တွင် အထက်အရာရှိများက ငယ်သားများကို ဆဲဆိုအနိုင်ကျင့်မှုများကြောင့် ယခင်ကလည်း ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်များ ရှိသည်။

(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ - CJ)
(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အေးရှားဝေါတိုးဂိတ်အနီးရှိ စစ်ကောင်စီ တပ်စွဲရာနေရာ၌ စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ဇူလိုင် ၂၂ရက် ည ၈နာရီခွဲခန့်တွင် ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံး အခြေအနေများကို မသိရသေးဟု ဆိုသည်။

“မနေ့က အချင်းချင်းပစ်တယ်လို့ပြောတယ်။ သေနတ်သံ ကြားလိုက်တယ်။ အဲဒီလောက်ပဲကြားလိုက်တယ်။ ကျန်တာတော့ ဘာမှမကြားဘူး။ ဘေးနားကို စုံစမ်းကြည့်လိုက်တော့ တပ်က သူတို့တိုင်းသူတို့ ပစ်တာလို့ ပြောတယ်”ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ရှမ်းမြောက် ဒေသနှင့် ကချင်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7stars News ၏ ဖော်ပြချက်တွင် အရက်မူးနေသည့် စစ်ကောင်စီ အရာရှိက အောက်လက်ငယ်သားများအား ဆဲဆိုကြိမ်းမောင်းသည့်အပေါ် တပ်သားတစ်ဦးက အရာရှိအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူကို ကိုးကားဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တိုးဂိတ်နားက ကင်းတဲစခန်းမှာ စုဖွဲ့ပြီး အရက်သောက်နေကြတာပါ။အရာရှိ ဖြစ်သူလည်း အတော်မူးနေပုံပဲ။ စကားပြောရင်းဆိုရင်း အာဏာပြတာတွေလုပ်တယ်။ အောက်လက်ငယ်သားတွေကို ဆဲဆို ကြိမ်းမောင်းတယ်။ မအေကိုင်တုတ်ပြီး ဆဲဆိုတော့ တပ်သားတစ်ဦးက နားမခံသာဘဲ မောင်းတင်ပြီး ပစ်တော့တာ။ မောင်းတင်တာတောင် အော်တိုမောင်းတင်ပြီး ကို ပစ်တာ။ ခြေအောက်ပိုင်းကိုပဲ ချိန်ဆပြီး ပစ်လို့ တော်သေးတယ်။ အသက်သေဆုံးတာမျိုးမရှိပေမယ့်ခြေနှစ်ဖက်က ရစရာမရှိအောင် စုတ်သွားတာ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်၏ ပြောကြားချက်ကို 7stars News က ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်တွင် အထက်အရာရှိများက ငယ်သားများကို ဆဲဆိုအနိုင်ကျင့်မှုများကြောင့် ယခင်ကလည်း ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်များ ရှိသည်။

ထိုကဲ့သို့ အနိုင်ကျင့်မှုများအပါအဝင် စစ်ကောင်စီတပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကြောင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူလူထုဘက်ပူးပေါင်းရပ်တည်လာသည့် တပ်သားအများအပြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။