Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်တိုးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်တွင် အထက်အရာရှိများက ငယ်သားများကို ဆဲဆိုအနိုင်ကျင့်မှုများကြောင့် ယခင်ကလည်း ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်များ ရှိသည်။

(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ - CJ)
(ကွတ်ခိုင်မြို့တိုးဂိတ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားတစ်ဦး။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အေးရှားဝေါတိုးဂိတ်အနီးရှိ စစ်ကောင်စီ တပ်စွဲရာနေရာ၌ စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ဇူလိုင် ၂၂ရက် ည ၈နာရီခွဲခန့်တွင် ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံး အခြေအနေများကို မသိရသေးဟု ဆိုသည်။

“မနေ့က အချင်းချင်းပစ်တယ်လို့ပြောတယ်။ သေနတ်သံ ကြားလိုက်တယ်။ အဲဒီလောက်ပဲကြားလိုက်တယ်။ ကျန်တာတော့ ဘာမှမကြားဘူး။ ဘေးနားကို စုံစမ်းကြည့်လိုက်တော့ တပ်က သူတို့တိုင်းသူတို့ ပစ်တာလို့ ပြောတယ်”ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ရှမ်းမြောက် ဒေသနှင့် ကချင်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7stars News ၏ ဖော်ပြချက်တွင် အရက်မူးနေသည့် စစ်ကောင်စီ အရာရှိက အောက်လက်ငယ်သားများအား ဆဲဆိုကြိမ်းမောင်းသည့်အပေါ် တပ်သားတစ်ဦးက အရာရှိအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူကို ကိုးကားဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တိုးဂိတ်နားက ကင်းတဲစခန်းမှာ စုဖွဲ့ပြီး အရက်သောက်နေကြတာပါ။အရာရှိ ဖြစ်သူလည်း အတော်မူးနေပုံပဲ။ စကားပြောရင်းဆိုရင်း အာဏာပြတာတွေလုပ်တယ်။ အောက်လက်ငယ်သားတွေကို ဆဲဆို ကြိမ်းမောင်းတယ်။ မအေကိုင်တုတ်ပြီး ဆဲဆိုတော့ တပ်သားတစ်ဦးက နားမခံသာဘဲ မောင်းတင်ပြီး ပစ်တော့တာ။ မောင်းတင်တာတောင် အော်တိုမောင်းတင်ပြီး ကို ပစ်တာ။ ခြေအောက်ပိုင်းကိုပဲ ချိန်ဆပြီး ပစ်လို့ တော်သေးတယ်။ အသက်သေဆုံးတာမျိုးမရှိပေမယ့်ခြေနှစ်ဖက်က ရစရာမရှိအောင် စုတ်သွားတာ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်၏ ပြောကြားချက်ကို 7stars News က ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်တွင် အထက်အရာရှိများက ငယ်သားများကို ဆဲဆိုအနိုင်ကျင့်မှုများကြောင့် ယခင်ကလည်း ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်များ ရှိသည်။

ထိုကဲ့သို့ အနိုင်ကျင့်မှုများအပါအဝင် စစ်ကောင်စီတပ်၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကြောင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူလူထုဘက်ပူးပေါင်းရပ်တည်လာသည့် တပ်သားအများအပြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။