Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလဆိုင်ရာမြန်မာသံအမတ်ကြီးအား လုပ်ကြံရန်ပူးပေါင်းပါဝင်သူကို အမေရိကန်တရားရုံး အပြစ်ရှိကြောင်း ဆုံးဖြတ်

အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ကို နိုင်ငံခြားအရာရှိတစ်ဦးကို လုပ်ကြံရန် ပူးပေါင်းပါဝင်မှု ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပြီး ၎င်းသည် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရနိုင်သည်။

သံအမတ်ကြီး ဦး​ကျော်မိုးထွန်း
သံအမတ်ကြီး ဦး​ကျော်မိုးထွန်း

▪︎လာမည့် မတ်လ ၁၄ ရက်တွင် အမိန့်ချမည်၊ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ် ချမှတ်ခံရနိုင်

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုတွင် ပါဝင်ခဲ့သော ဖြိုးဟိန်းထွဋ်ကို အမေရိကန်တရားရုံးက အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိကြောင်း ယမန်နေ့(ဇူလိုင် ၂၅ ရက်)တွင် ကြေညာသည်။

နယူးယောက် တောင်ပိုင်းခရိုင်ဆိုင်ရာ ရှေ့နေ ဒါမီယန်ဝီလီယမ်က မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်သည် ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းပါဝင်မှုရှိကြောင်း စွဲချက်တင်ခဲ့ပြီး ရှစ်ရက်ကြာ တရားခွင်ကြားနာမှုအပြီးတွင် ဖြိုးဟိန်းထွဋ်မှာ ပြစ်မှုကျူးလွန်သည်ဟု တွေ့ရှိရကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်သည်။ ယင်းအမှုနှင့်ပတ်သက်၍ ခရိုင်တရားသူကြီး နေလ်ဆန်ရာမန်က လာမည့် ၂၀၂၄ မတ်လ ၁၄ ရက်တွင် အမိန့်ချမှတ်ရန် စီစဥ်ထားသည်။

“မြန်မာအမြဲတမ်းကိုယ်စားလှယ်ရဲ့ လုံခြုံရေးအဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်ဆောင်နေစဥ်မှာ ဖြိုးဟိန်းထွဋ်ဟာ သံအမတ်ကြီးအကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ရုံးအကြောင်း သတင်းအချက်အလက်တွေကို လျှို့ဝှက်ပေးပို့ခဲ့ပြီး ကာကွယ်ပေးခဲ့သလို သစ္စာဖောက်ခဲ့ပါတယ်။ နောက်ပြီး သူဟာ သံအမတ်ကြီးကို အန္တရာယ်ပြုဖို့အတွက် လက်နက်ပွဲစားတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ တရားသူကြီးအဖွဲ့ရဲ့ တညီတညွတ်တည်းဆုံးဖြတ်ချက်ဟာ သူ့ရဲ့လုပ်ဆောင်မှုတွေအတွက် အပြစ်ရှိကြောင်း တွေ့ရှိထားပါတယ်” ဟု ရှေ့နေ ဝီလီယမ်က ပြောသည်။

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ လုံခြုံရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ ဖြိုးဟိန်းထွဋ်သည် ၂၀၂၁ သြဂုတ်လခန့်အထိ သံအမတ်ကြီး ဒဏ်ရာရရှိရန် သို့မဟုတ် သတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်ခဲ့သည်။ ယင်းကြံစည်မှုအတွင်း ဖြိုးဟိန်းထွဋ်သည် မြန်မာအာဏာသိမ်းစစ်တပ်ထံ လက်နက်တင်သွင်းရောင်းချပေးနေသည့် ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားများနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း၊ ယင်းဆက်သွယ်ပြောဆိုမှုတွင် ဖြိုးဟိန်းထွဋ်သည် သံအမတ်ကြီးအကြောင်း၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ရုံးတွင်းကိစ္စရပ်များနှင့် အခြား ရုံးပိုင်ဆိုင်ရာများကို လက်နက်ပွဲစားများထံ ပေးပို့ခဲ့ကြောင်း တရားခွင်အတွင်း စစ်ဆေးနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖြိုးဟိန်းထွဋ်သည် သံအမတ်ကြီးကို ၎င်း၏ရာထူးမှ ဆင်းပေးကြိုးပမ်းမှုတွင် သံအမတ်ကြီးအား ထိခိုက်နာကျင်စေရန် တိုက်ခိုက်သူများကို ငှားရမ်းရန် လက်နက်ပွဲစားများက ပေးပို့သော ငွေကြေးများကို လက်ခံခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိသည်။

(သံအမတ်ကြီး ဦး​ကျော်မိုးထွန်း အားလုပ်ကြံရန်ကြံစည်ခဲ့သူ ဖြိုးဟိန်းထွဋ်)
(သံအမတ်ကြီး ဦး​ကျော်မိုးထွန်း အားလုပ်ကြံရန်ကြံစည်ခဲ့သူ ဖြိုးဟိန်းထွဋ်)

ထို့အတွက် အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ကို နိုင်ငံခြားအရာရှိတစ်ဦးကို လုပ်ကြံရန် ပူးပေါင်းပါဝင်မှု ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပြီး ၎င်းသည် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရနိုင်သည်။

ဖြိုးဟိန်းထွဋ်ကို ​ငွေ​ပေးပြီးလုပ်ကြံခိုင်းသူမှာ အာဏာသိမ်း​စစ်အုပ်စုနှင့် ရင်းနှီး​သော လက်နက်ပွဲစား ဦး​အေးကို ဆိုသူဖြစ်ပြီး ယခင်ကထိုင်းနိုင်ငံတွင် ​နေထိုင်ခဲ့သည်။ဖြိုးဟိန်းထွဋ်အဖမ်းခံရပြီး​နောက် ပြည်တွင်းသို့ လာ​ရောက်တိမ်း​ရှောင်​နေ​ကြောင်း၎င်းနှင့်သိ​သောလုပ်ငန်းရှင်အချို့က​ပြောသည်။ ဦး​အေးကိုသည် ပြည်တွင်း၌ ​ဆောက်လုပ်​ရေးလုပ်ငန်းများကို ဟန်ပြလုပ်ကိုင်​နေသူဖြစ်ပြီး လက်နက်ပွဲစားမှာ အဓိကလုပ်ငန်းဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။