Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော

ယခုလို KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီ၏ အသိပေးအကြောင်းကြားချက်အပေါ် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ယခုလို သုံးသပ်ပြောဆိုသွားသည်။

စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော
စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော

လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ထိန်းသိမ်းရန် KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီကအကြောင်းလာခြင်းက KNU အနေနှင့် NCA စာချုပ်ပျက်ပြယ်ကြောင်း ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမပြသခြင်းကြောင့်ဖြစ်သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

လက်အောက်ခံတပ်ဖွဲ့များအား ထိန်းသိမ်းကြပ်မတ်ပေးရေးဆိုသည့် အကြောင်းအရာဖြင့် စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဖေဖေါ်ဝါရီလ(၆)ရက်နေ့ ရက်စွဲဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ထံ အသိပေးအကြောင်းကြားခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါအကြောင်းကြားစာထဲတွင် KNU ဥက္ကဌကြီးနှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့များအား အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကို ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ဆောင်ရွက်ရေး ကြပ်မတ်ထိန်းသိမ်းသွားနိုင်ရန်ဆိုပြီး ပါရှိသည်။

ယခုလို KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီ၏ အသိပေးအကြောင်းကြားချက်အပေါ် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ယခုလို သုံးသပ်ပြောဆိုသွားသည်။

Public Service Announcement

Public Service Announcement

” အဓိကတော့ ကေအဲန်ယူဘက်ကပဲ NCA စာချုပ်ကို ရှင်းရှင်းလင်းလင်း ပျက်ပြယ်ပြီးဆိုတာ ထုတ်ပြန်ဖို့ပဲလိုပါလိမ့်မယ်။ ကေအဲန်ယူဘက်က အဲ့လိုမျိုး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား မထုတ်ပြန်နိုင်သရွေ့တော့ စစ်ကောင်စီဘက်က အဲ့လိုမျိုး အခွင့်ကောင်းယူတွေ အမြတ်ထုတ်တာတွေ အကြောင်းရှာတာတွေ ရမယ်ရှာတာတွေပေါ့နော်။ အဲ့လိုချည်နှောင်မှုတွေတော့ သူတို့ဆက်လုပ်ဦးမှာပဲ သေချာတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ KNU ဥက္ကဌနှင့် KNLA စစ်ဦးစီးချုပ်ထံ အသိပေးအကြောင်းကြားသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီအနေဖြင့်လည်း တုံ့ပြန်ဆောင်ရွက်ဖို့ အစီအစဉ်ရှိနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့