Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော

ယခုလို KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီ၏ အသိပေးအကြောင်းကြားချက်အပေါ် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ယခုလို သုံးသပ်ပြောဆိုသွားသည်။

စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော
စစ်တပ်က KNU/KNLA ခေါင်းဆောင်များထံ အကြောင်းကြားစာပို့လာသည့်အခြေအနေကို ပဒိုမန်းမန်းပြော

လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ထိန်းသိမ်းရန် KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီကအကြောင်းလာခြင်းက KNU အနေနှင့် NCA စာချုပ်ပျက်ပြယ်ကြောင်း ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမပြသခြင်းကြောင့်ဖြစ်သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

လက်အောက်ခံတပ်ဖွဲ့များအား ထိန်းသိမ်းကြပ်မတ်ပေးရေးဆိုသည့် အကြောင်းအရာဖြင့် စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဖေဖေါ်ဝါရီလ(၆)ရက်နေ့ ရက်စွဲဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ထံ အသိပေးအကြောင်းကြားခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါအကြောင်းကြားစာထဲတွင် KNU ဥက္ကဌကြီးနှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့များအား အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကို ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ဆောင်ရွက်ရေး ကြပ်မတ်ထိန်းသိမ်းသွားနိုင်ရန်ဆိုပြီး ပါရှိသည်။

ယခုလို KNU/KNLA ခေါင်းဆောင်များထံ စစ်ကောင်စီ၏ အသိပေးအကြောင်းကြားချက်အပေါ် ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ယခုလို သုံးသပ်ပြောဆိုသွားသည်။

Public Service Announcement

Public Service Announcement

” အဓိကတော့ ကေအဲန်ယူဘက်ကပဲ NCA စာချုပ်ကို ရှင်းရှင်းလင်းလင်း ပျက်ပြယ်ပြီးဆိုတာ ထုတ်ပြန်ဖို့ပဲလိုပါလိမ့်မယ်။ ကေအဲန်ယူဘက်က အဲ့လိုမျိုး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား မထုတ်ပြန်နိုင်သရွေ့တော့ စစ်ကောင်စီဘက်က အဲ့လိုမျိုး အခွင့်ကောင်းယူတွေ အမြတ်ထုတ်တာတွေ အကြောင်းရှာတာတွေ ရမယ်ရှာတာတွေပေါ့နော်။ အဲ့လိုချည်နှောင်မှုတွေတော့ သူတို့ဆက်လုပ်ဦးမှာပဲ သေချာတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ KNU ဥက္ကဌနှင့် KNLA စစ်ဦးစီးချုပ်ထံ အသိပေးအကြောင်းကြားသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီအနေဖြင့်လည်း တုံ့ပြန်ဆောင်ရွက်ဖို့ အစီအစဉ်ရှိနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။