Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးဖွဲ့စည်း​ကြောင်းအသိ​ပေး

ဓနုတိုင်းရင်းသားများအား ကိုယ်စားပြုသည် တပ်မတော်ပေါ်ထွက်လာခြင်းကို ကြိုဆိုကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရန် ဓနုတိုင်းရင်းသူတစ်ဦးက တိုက်တွန်းသည်။

(ဓနုပြည်သူ့လွတ်​မြောက်​ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်​တွေ့ရစဥ်။ဓါတ်ပုံ-DPLF)
(ဓနုပြည်သူ့လွတ်​မြောက်​ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်​တွေ့ရစဥ်။ဓါတ်ပုံ-DPLF)

▪︎စစ်အာဏာရှင်ကိုအမြစ်ဖြတ်တိုက်ဖြတ်ပြီးဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စုအတွက်တိုက်ပွဲဝင်မည်ဟု အသိ​ပေး

စစ်အာဏာရှင်အား အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရန်အတွက်တိုက်ပွဲဝင်မည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) ကကြေညာချက်ချက်ထုတ်ပြန်သည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကိုဖွဲ့စည်းထား‌ကြောင်းလူထုအား အသိပေးခြင်းနှင့်အတူစစ်အာဏာရှင်စနစ်ကျဆုံး၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့များစုပေါင်း ဖော်ဆောင်သွားမည်ဟုယမန်နေ့(ဇူလိုင်လ ၂၉ ရက်)ပြည်သူသို့အသိပေးခြင်းဖြစ်သည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက်ဓနုလူငယ်များနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့များသည်တိုင်းရင်းသား လက်နက်ကိုင်ဒေသများတွင်စစ်ပညာသင်ယူခဲ့ကြသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) အနေဖြင့် ဇူလိုင် ၂၉ ရက်တွင် ပြည်သူလူထုကို ထပ်မံအသိပေးချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

ဓနုလူမျိုးများသည် နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနှင့် တောင်ကြီးတို့တွင် အဓိကနေထိုင်ကြပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ပျံ့နှံ့နေထိုင်နေကြကြောင်း၊ ရှေးယခင်ကမူ စော်ဘွား၊ ငွေခွန်မှူး၊ မြို့စားစသဖြင့် မြေလတ်ဒေသဖြစ်သော ပင်မှီ၊ သာမိုင်းခမ်း၊ ကျုံး၊ ရွာငံ၊ ပင်းတယနှင့် ပွေးလှတို့တွင် အဓိကနေထိုင်ကာ စစ်ကိုမလိုလားသည့် လူမျိုးများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုမလိုလားကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကိုတွန်းလှန်တိုက်ခိုက်ချိန်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် သမိုင်းကြောင်းများရှိကြောင်းနှင့် ပင်လုံစာချုပ် ချုပ်ဆိုရာတွင်လည်း ဓနုလူမျိုးများဖြစ်သည့် သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးနှင့် လူထုကိုယ်စားလှယ် ဦးခွန်စောတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဓနုတိုင်းရင်းသားလူမျိုးများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများအောက်မှ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့်ကဏ္ဏအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ပါးခဲ့ရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ခဲ့သော်လည်း အမည်ခံအခွင့်အရေးသားဖြစ်ပြီး အဓိကအရေးပါသော လုပ်ပိုင်ခွင့်များကိုမူ မြန်မာစစ်တပ်မှသာချုပ်ကိုင်ချယ်လှယ်ခဲ့သည်ဟု​ဖော်ပြထားသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ ဦးတည်ချက်မှာ ဓနုတမျိုးသားလုံးနှင့်အတူ ဒေသတွင်းအတူနေ ညီနောင်တိုင်းရင်းသားများအားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးကို အာမခံသည့် ဓနုပြည်နယ်တည်ဆောက်ရန်နှင့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရန်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့အချိန်အထိ စစ်သင်တန်းအပတ်စဉ် (၄) ခု သင်တန်းဆင်းပြီးဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက အသိ​ပေးသည်။

ဓနုတိုင်းရင်းသားများအား ကိုယ်စားပြုသည် တပ်မတော်ပေါ်ထွက်လာခြင်းကို ကြိုဆိုကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရန် ဓနုတိုင်းရင်းသူတစ်ဦးက တိုက်တွန်းသည်။

“ဓနုဒေသဟာကျယ်ပြန့်ပါတယ်။စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့အစည်းတွေအားလုံး ညီညီညွတ်ညွတ်ရှိစေချင်ပါတယ်” ဟ ၎င်းက ပြောသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက “ဘယ်လောက်ပဲ အနေအေးတဲ့ လူမျိုးဖြစ်ဖြစ် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျွန်တော်တို့ သတ္တိရှိခဲ့တယ်။ အရင်က မရှိခဲ့တဲ့ ဓနုတပ်မတော်ကို ကျနော်တို့ စနစ်တကျဖွဲ့စည်းလိုက်ပါပြီ။ ရှေ့ဆက်ရမယ့်လမ်းမှာ ပြည်သူတွေကိုအားကိုးပါတယ်” ဟု ‌ပြောသည်။

စစ်ကောင်စီသည်နိုင်ငံတော်အာဏာသိမ်းပြီးနောက်ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါး ခုတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများအဖြစ်ခန့်အပ်ခဲ့သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအာကာလင်းကိုခန့်အပ်ခဲ့သည်။၂၀၂၂ ခုနှစ်က ဦးအာကာလင်းဦးဆောင်ပြီး စစ်ကောင်စီလက်​အောက်ခံပြည်သူ့စစ်အဖွဲ့ကဲသို့ Danu Army အမည်ဖြင့် လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းရန်ကြိုးစားခဲ့ဖူးသည်။ ပြည်သူများက လက်မခံ၍ ယင်းအဖွဲ့ ပျက်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆလိုင်းမာန်အောင်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ(၅၅)နှင့် တပ်မ(၆၆)အား တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိသွားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအနီးရှိ ဘုရားကိုးဆူကုန်းတွင် တပ်စွဲထားသော တပ်မ(၅၅)နှင့် တပ်မ(၆၆)ကို DPLFက စက်တင်ဘာ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။...

သတင်း

ဓနုဒေသ စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်သူများထံ ချိတ်ဆက်ကာ ဖမ်းဆီးခံထားရသူများကိုအမှုမှလွတ်အောင် ကူညီပေးမည်ဟကမ်းလှမ်းပြီးငွေကြေးများ လိမ်လည်သွားသည်ဟုလိမ်လည်ခံရသည့် ကာယကံရှင်အချို့ကပြောသည်။

News

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်​ရေးရဲဘော်အချို့၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့်အပြင် PDF များထပ်ပေါ်ပေါက်လာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ကာ တော်လှန်ရေးအရှိန်ရပ်တန့်အောင် စစ်ကောင်စီက ကြိုးစားခဲ့သည်။

News

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြည်သူ့ခုခံစစ် အရှိန်မြင့်လာပြီးနောက် ဒေသတွင်း ဒီချုပ်ပါတီနှင့် ဆက်စပ်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို ဖမ်းဆီးဖိနှိပ်ရန် စစ်ကောင်စီကလုပ်ကိုင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။