Connect with us

Hi, what are you looking for?

News

ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး ဓနုအမျိုးသားကာကွယ်ရေးတပ် (DPDF)ဖွဲ့စည်း

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်​ရေးရဲဘော်အချို့၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့်အပြင် PDF များထပ်ပေါ်ပေါက်လာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ကာ တော်လှန်ရေးအရှိန်ရပ်တန့်အောင် စစ်ကောင်စီက ကြိုးစားခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းလိုက်ပြီး ဓနုအမျိုးသားကာကွယ်ရေးတပ်(DPDF)အဖြစ် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် စုစည်းအားပိုကောင်းစေရန် ဓနုအမျိုးသားကာကွယ်ရေးတပ် – Danu People Defense Force (DPDF)ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဒေသက အညာဒေသတို့ ချင်းတို့ကရင်နီ​ဒေသတို့လို ဖြစ်ဖို့တော့ ကြိုးစားရအုံးမယ်။အဲ့ဒီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းအား သိပ်ကောင်းတယ်။ ဒေသအခြေအနေအရ လိုအပ်ချက်တွေရှိနေပေမယ့် ကျွန်တော်တို့ ကြိုးစားနေတယ်”ဟု ဓနုဒေသမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်းတယနှင့် ရွာငံသည် စစ်ကောင်စီနှင့် ပြည်ခိုင်ဖြိုးပါတီကြီးစိုးသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိသောဒေသဖြစ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် လူငယ်များဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဧပြီအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီက လက်နက်အင်အားသာလွန်စွာဖြင့် ထိုးစစ်ဆင်ခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုများ တုံ့ဆိုင်းခဲ့သည်။

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်​ရေးရဲဘော်အချို့၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့်အပြင် PDF များထပ်ပေါ်ပေါက်လာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ကာ တော်လှန်ရေးအရှိန်ရပ်တန့်အောင် စစ်ကောင်စီက ကြိုးစားခဲ့သည်။

ရွာငံမြို့နယ်တစ်ခုတည်းတွင် စစ်ကောင်စီက သုံးလအတွင်း အပြစ်မဲ့ပြည်သူ ၁၀ဦးကို နှိပ်စက်သတ်​ဖြတ်ခဲ့ပြီး ၂၆ဦးဖမ်းဆီးခံရကာ ကျေးရွာ လေးရွာမှ ဒေသခံရှစ်ရာ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက ပျုစောထီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား စည်းရုံးကာ ပြည်သူ့စစ်အဖွဲ့အမည်ခံ ဓနုတပ်ကို ဖွဲ့စည်းရန် ကြိုးစားခဲ့သေးသည်။ စစ်ကောင်စီက ဖွဲ့စည်းသည့် ဓနုတပ်ကို လက်မခံကြောင်း ဓနုတိုင်းရင်းသားများက တုန့်ပြန်ခဲ့၍ ယင်းအစီအစဥ် အထမမြောက်ခဲ့ပေ။

စစ်ကောင်စီကထိုကဲ့သို့ နည်းမျိုးစုံ ဖိနှိပ်နေသည့်ကြားမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များက ဓနုအမျိူးသားကာကွယ်ရေးတပ်(DPDF)ကို ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို အားစိုက်လုပ်ဆောင်လာ​ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့