Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်များ လွတ်မြောက်ရေး စစ်ကောင်စီနှင့်ညှိနှိုင်းခြင်း၊ တောင်းဆိုခြင်းမရှိဟု TNLA ပြော

TNLAသည် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများအား လက်နက်၊ စစ်သင်တန်းများ ကူညီပံ့ပိုးလျက်ရှိကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

“အာဏာမသိမ်းခင်အနေအထားမျိုးမှာကျနော်တို့ကို တမင်ချန်ထားခဲ့ပြီးမှ ဥပေက္ခာပြုထားခဲ့ပြီးမှ အခုကျမှပဲ ဒီနေ့ဒီအနေအထား အာဏာသိမ်းမှုအောက်ကာလအောက်မှာ ကျနော်တို့လူတွေကိုလွှတ်ပေးတယ်။…။ ဒီရဲ့လုပ်ဆောင်ချက်က ရိုးသားမှုဘယ်လောက်ရှိသလဲ” – TNLA ပြောရေးဆိုခွင့်(၁) တာပန်လှ

စစ်ကောင်စီက တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင် ၁၆ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ရာ ယင်းကိစ္စရပ်အပေါ် စစ်ကောင်စီနှင့် ညှိနှိုင်းခဲ့ခြင်းမရှိဟု PSLF/TNLA ပြောရေးဆိုခွင့်(၁) တာပန်လှက ပြောသည်။

စစ်ကောင်စီက ယနေ့(ဩဂုတ် ၁ရက်) TNLA တပ်ဖွဲ့ဝင် ၁၆ဦး၊ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် တစ်ဦး၊ ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် နှစ်ဦး၊ ရှမ်းတပ်ဖွဲ့(SSPP/SSA) သုံးဦးစုစုပေါင်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၂ဦးအား ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု၍ဟုဆိုကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းကြေညာခဲ့သည်။

(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – အေပီ)

ထိုသို့ TNLAတပ်ဖွဲ့ဝင်များ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခြင်းနှင့်ပတ်သက်ပြီး ညှိနှိုင်းတောင်းဆိုထားခြင်းရှိမရှိ မေးမြန်းရာ တာပန်လှက “ကျနော်တို့ အနေနဲ့ ညှိနှိုင်းထားတာရော တောင်းဆိုထားတာရော မရှိပါဘူး”ဟု ပြောသည်။

TNLA အနေဖြင့် အာဏာမသိမ်းမီ အနေအထားတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ရန် အားထုတ်ကြိုးပမ်းခဲ့သော်လည်း စစ်တပ်(စစ်ကောင်စီတပ်)က ငြင်းပယ်ခဲ့သည်ဟု ၎င်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

“တောက်လျှောက် ၂၀၁၄၊ ၁၅ကနေစပြီးမှ ကျနော်တို့ကို ငြင်းပယ်ခဲ့ကြတယ်။ ငြင်းပယ်ခဲ့တယ်။ ချန်ရစ်တယ်။ ပြောမယ်ဆိုရင် ၂၀၁၅ကနေ ၂၀၂၀မှာ NLD အစိုးရက အရပ်သားအစိုးရလို့ပြောပေမယ့် အမှန်တကယ်အာဏာရှိတာကတော့ စစ်တပ်ကပဲ တပ်မတော်ကာပဲ အာဏာရှိတာဖြစ်တယ်။ဆိုတော့ အာဏာမသိမ်းခင်အနေအထားမျိုးမှာကျနော်တို့ကို တမင် ချန်ထားခဲ့ပြီးမှ ဥပေက္ခာပြုထားခဲ့ပြီးမှ အခုကျမှပဲ ဒီနေ့ ဒီအနေအထား အာဏာသိမ်းမှုအောက်ကာလအောက်မှာ ကျနော်တို့လူတွေကိုလွှတ်ပေးတယ်။ ပြီးတော့ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ အခြားဖမ်းဆီးခံရတဲ့သူတွေကိုရောလွှတ်ပေးတာမျိုးတွေ့ရတယ်။ ဆိုတော့ ဒီရဲ့လုပ်ဆောင်ချက်က ရိုးသားမှု ဘယ်လောက်ရှိသလဲ ကျနော်တို့ အများကြီး သတိကြီးကြီးနဲ့ စောင့်ကြည့်ရမယ့် အနေအထားမျိုးဖြစ်ပါတယ်”ဟု တာပန်လှက ပြောသည်။

(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – အေပီ)

TNLA နှင့် စစ်ကောင်စီတပ်တို့သည် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ယခုဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ တောက်လျှောက်ပြန်လည်ဖြစ်ပွားလျက်ရှိသည်။ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များ၌ ယခု ဇူလိုင်အတွင်း တိုက်ပွဲ ၈ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် TNLAနယ်မြေသို့ ယခင်ကတည်းကထိုးစစ်အတွက် စစ်ကြောင်းများထိုးထားသော်လည်း အာဏာသိမ်းပြီးနောက် TNLA ရှိရာသို့ စစ်ရေးလှုပ်ရှားလာမှု နည်း၍ တိုက်ပွဲဖြစ်ပွားမှုနည်းခဲ့ကြောင်း၊ ယခုတွင်စစ်အင်အားဖြည့်တင်းမှုများ ထိုးစစ်ဆင်မှုများ ပိုလုပ်လာ၍ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ရှင်းပြထားသည်။

TNLAသည် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများအား လက်နက်၊ စစ်သင်တန်းများ ကူညီပံ့ပိုးလျက်ရှိကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။