Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကာလ (၂)နှစ်ကျော်အတွင်း အမှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ NUG တရားရေး ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ဒေသများမှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)
(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)

စစ်အာဏာရှင်တော်လှန်ရေး (၂)နှစ်ကျော်ကာလအတွင်း တရားမနှင့်ရာဇဝတ်မှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ဒေသများမှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှ်ိ ၂၀၂၃ ဇွန်လအထိ တရားမမှု ၇၄ မှုနှင့်ရာဇဝတ်မှု ၃၀၆ မှုကို ကြားနာစစ်ဆေးခဲ့ပြီး တရားမမှုပေါင်း ၂၉ မှုနှင့် ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကိုပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

” အမှုပြီးပြတ်မှု ၅၃ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်”ဟု NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တရားမမှုဆိုသည်မှာ ငွေမှု(သို့မဟုတ်) ပုဂ္ဂလိကနစ်နာမှုကို ဆိုလိုသည်။ကြွေးမြီမှု၊ ပစ္စည်းရလိုမှု၊ လျော်ကြေးရလိုမှု၊ ကတိအတိုင်း ဆောင်ရွက်စေမည့် အမိန့်ရလိုမှု စသည်တို့ဖြစ်သည်။ရာဇဝတ်မှုဆိုသည်မှာ နေအိမ်ကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူခြင်း၊ တစ်စုံတယောက်ထံမှ ပစ္စည်းကိုလုယူခြင်း၊ လက်မှတ်လိမ် ဖြင့် ငွေထုတ်ယူခြင်း၊ သူတစ်ပါးပိုင် ငွေကိုအလွဲသုံးစားပြုခြင်း၊ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ညှဉ်းဆဲခြင်းစသည်တို့အပြင် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့် ဆန့်ကျင်သော အမှုကိုဆိုလိုသည်။

“တော်လှန်ရေးအသာစီးရပြီး အုပ်ချုပ်မှုနယ်မြေတွေ ပိုများလာတာနဲ့အမျှကျွန်တော်တို့ NUG အစိုးရက တရားရေးကဏ္ဍကို အရင်ကထက် ပိုပြီး ဖိဖိစီးစီးလုပ်နိုင်ပါတယ်”ဟု CDM တရားသူကြီးတစ်ဦးကပြောသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် ကြားကာလအတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအတိုင်းအတာတစ်ခုအထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များစွာလည်း ရှိနေသည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် ပွင့်လင်းမြင်သာမှု မရှိသော တရားရုံးများဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကို အလွဲသုံးစားပြုနေသည့်အတွက် တရားမျှတမှုနှင့် သာတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် တရားစီရင်ရေးစနစ်တစ်ရပ်ဖြင့် အလျင်အမြန်အစားထိုးလိုသည့် လူထု၏ သဘောထားကို ကောင်းစွာ သိရှိပါသည်ဟုလည်းတရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရားရေးဝန်ကြီးဌာနသည် တရားစီရင်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သည့် တရားသူကြီးများနှင့်ဥပဒေအရာရှိများအတွက် လိုအပ်သော သင်တန်းများကို ပို့ချခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေဒေသများတွင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နေကြပြီဟု အသိပေးထားသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်ထောင်စုတရားရုံးချုပ်မှ အရာရှိအချို့နှင့်တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်း ၂၀၀ခန့်သည် စစ်အာဏာရှင်ကို အာဏာဖီဆန်ပြီး CDM ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။