Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးကာလ (၂)နှစ်ကျော်အတွင်း အမှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ NUG တရားရေး ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ဒေသများမှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)
(NUG အစိုးရ၏ ကသာမြို့နယ်တရားရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက လုံခြုံရေးပေးထားသည်ဟု သိရသည်။ ဓာတ်ပုံ-ကသာ ပကဖ)

စစ်အာဏာရှင်တော်လှန်ရေး (၂)နှစ်ကျော်ကာလအတွင်း တရားမနှင့်ရာဇဝတ်မှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ဒေသများမှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှ်ိ ၂၀၂၃ ဇွန်လအထိ တရားမမှု ၇၄ မှုနှင့်ရာဇဝတ်မှု ၃၀၆ မှုကို ကြားနာစစ်ဆေးခဲ့ပြီး တရားမမှုပေါင်း ၂၉ မှုနှင့် ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကိုပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

” အမှုပြီးပြတ်မှု ၅၃ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်”ဟု NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တရားမမှုဆိုသည်မှာ ငွေမှု(သို့မဟုတ်) ပုဂ္ဂလိကနစ်နာမှုကို ဆိုလိုသည်။ကြွေးမြီမှု၊ ပစ္စည်းရလိုမှု၊ လျော်ကြေးရလိုမှု၊ ကတိအတိုင်း ဆောင်ရွက်စေမည့် အမိန့်ရလိုမှု စသည်တို့ဖြစ်သည်။ရာဇဝတ်မှုဆိုသည်မှာ နေအိမ်ကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူခြင်း၊ တစ်စုံတယောက်ထံမှ ပစ္စည်းကိုလုယူခြင်း၊ လက်မှတ်လိမ် ဖြင့် ငွေထုတ်ယူခြင်း၊ သူတစ်ပါးပိုင် ငွေကိုအလွဲသုံးစားပြုခြင်း၊ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ညှဉ်းဆဲခြင်းစသည်တို့အပြင် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့် ဆန့်ကျင်သော အမှုကိုဆိုလိုသည်။

“တော်လှန်ရေးအသာစီးရပြီး အုပ်ချုပ်မှုနယ်မြေတွေ ပိုများလာတာနဲ့အမျှကျွန်တော်တို့ NUG အစိုးရက တရားရေးကဏ္ဍကို အရင်ကထက် ပိုပြီး ဖိဖိစီးစီးလုပ်နိုင်ပါတယ်”ဟု CDM တရားသူကြီးတစ်ဦးကပြောသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် ကြားကာလအတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအတိုင်းအတာတစ်ခုအထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များစွာလည်း ရှိနေသည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် ပွင့်လင်းမြင်သာမှု မရှိသော တရားရုံးများဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကို အလွဲသုံးစားပြုနေသည့်အတွက် တရားမျှတမှုနှင့် သာတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် တရားစီရင်ရေးစနစ်တစ်ရပ်ဖြင့် အလျင်အမြန်အစားထိုးလိုသည့် လူထု၏ သဘောထားကို ကောင်းစွာ သိရှိပါသည်ဟုလည်းတရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရားရေးဝန်ကြီးဌာနသည် တရားစီရင်ရေးယန္တရားတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သည့် တရားသူကြီးများနှင့်ဥပဒေအရာရှိများအတွက် လိုအပ်သော သင်တန်းများကို ပို့ချခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေဒေသများတွင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ထိရောက်စွာ ထမ်းဆောင်နေကြပြီဟု အသိပေးထားသည်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်ထောင်စုတရားရုံးချုပ်မှ အရာရှိအချို့နှင့်တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်း ၂၀၀ခန့်သည် စစ်အာဏာရှင်ကို အာဏာဖီဆန်ပြီး CDM ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။