Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ကြေညာချက် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေပြီး ၎င်းတို့၏ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ဟု NUG တရားရေး ထုတ်ပြန်

စစ်​ကောင်စီက နိုင်ငံ​​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ​ထောင် ၃၃ နှစ်ချ ထားရာမှ ၆ နှစ် ​လျှော့​ပေးပြီး ၂၇ နှစ်ကျန်​သေးသလို ၊နိုင်ငံ​တော်သမ္မတကိုလည်း ၁၂ နှစ် ချထားရာမှ ၂ နှစ်သာချ​ပေးခြင်းဖြစ်သည်။

(စစ်​ကောင်စီက နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံ​တော်သမ္မတတို့ကို ​ထောင်တရားရုံးတွင် ရုံးထုတ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံ​တော်သမ္မတတို့ကို ​ထောင်တရားရုံးတွင် ရုံးထုတ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ခေါင်းဆောင်နှစ်ဦးနှင့် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ကြေညာ

အကြမ်းဖက်စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ကြေညာချက်သည် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေပြီး ၎င်းတို့၏ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် မတရားပြစ်ဒဏ်ချထားမှုများအနက်မှ အချို့ကို ယနေ့ လွတ်ငြိမ်းသက်သာပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာနက ခေါင်းဆောင်နှစ်ဦးနှင့် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြစ်မှုတစ်စုံတရာကျူးလွန်ခြင်းမရှိဘဲ တဖက်သတ် လုပ်ကြံစွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ်အားလုံးသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ပြစ်ဒဏ်များကို မတရားသဖြင့် ချမှတ်ခြင်းခံရခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါခေါင်းဆောင်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မတရားဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော နိုင်ငံသားများအားလုံးသည် ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ပေးရမည့်သူများဖြစ်ပြီး ၎င်းတို့အပေါ် ပြစ်ဒဏ်များချမှတ်ထားသည့် အမိန့်များမှာ မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ဟု တရားရေးဝန်ကြီးဌာနက ကြေညာသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက နိုင်ငံ​​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ​ထောင် ၃၃ နှစ်ချ ထားရာမှ ၆ နှစ် ​လျှော့​ပေးပြီး ၂၇ နှစ်ကျန်​သေးသလို ၊နိုင်ငံ​တော်သမ္မတကိုလည်း ၁၂ နှစ် ချထားရာမှ ၂ နှစ်သာချ​ပေးခြင်းဖြစ်သည်။

နိုင်ငံတော်ခေါင်းဆောင်များနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ယ‌နေ့ လွတ်ငြိမ်းကြေညာချက်သည် လူထုကို သွေးတိုးစမ်းခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။