Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်

မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်ဟု ဆိုသည်။

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်
ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်

စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း NUCC နှင့် NUG ပူးတွဲကြေညာ

▪︎အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ဘဲ အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်ဟု အသိပေး

တော်လှန်ရေးအင်အားစုများ မျှော်ရည်ပိုင်းဖြတ်ထားသော ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ယနေ့ ပူးတွဲကြေညာသည်။

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်
ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်

မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်ဟု ဆိုသည်။

“အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ပါ” ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာသိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည်ကြောင်း NUCC နှင့် NUG တို့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု ကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမည်ဟု ကတိပြုသည်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွင်း သာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက် ဆက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူးပြောင်း ရေးကာလတရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမည်ဟု ဆက်လက်ဖော်ပြသည်။

NUCC နှင့် NUG တို့သည် နိုင်ငံတဝှမ်းတွင် ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ်၊ ကြံ့ ကြံ့ခံ တွန်းလှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်းသားပြည်သူလူထုအပေါင်းနှင့် အတူတကွ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပြည့်အဝ အာမခံချက်ရှိသော နိုင်ငံရေး လုပ်ငန်းစဉ် များအား အန္တိမရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်းဆောင်မှုနှင့် စုပေါင်းတာဝန်ယူမှုဖြင့် နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုသည်။

အထက်ပါ ပူးတွဲကြေညာချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ အဓိက က NUG တစ်ခုတည်းမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေ အားလုံး တစ်စုတစ်စည်းတည်း တစ်သဘောတည်း စုစုစည်းစည်း ညီညီညွတ်ညွတ် ရှိနေတယ်ဆိုတာကို ဖော်ညွှန်းတဲ့သဘောဖြစ်ပါတယ်ဗျ” ဟု ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “တော်လှန်ရေးအားကောင်းလာတာနဲ့အမျှ တော်လှန်ရေးကို လမ်းလွဲစေတဲ့၊ တော်လှန်ရေးကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ သူအချို့က တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ အခြားသော alternative way တွေကို တစ်စုံတစ်ရာပြောကြ ဆိုကြတာတွေ ရှိလာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ထုတ်ပြန်တဲ့သဘောပါ”ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။