Connect with us

Hi, what are you looking for?

သတင်း

မူဆယ်ဒေသခံ လေးဦးကို TNLAတပ်သားဟုစွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ဖမ်းဆီးနှိပ်စက်၊ တစ်ဦးကို သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဩဂုတ်လဆန်းနှင့် ဇူလိုင်ကုန်ပိုင်းက TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့မပြည်သူ့စစ်အဖွဲ့က ဒေသခံအမျိုးသား လေးဦးကို TNLAတပ်သားဟု စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)
မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ မူဆယ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားစဉ်ဒေသခံ လေးဦးကို မူဆယ်မြို့မပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားပြီးတစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဩဂုတ်လဆန်းနှင့် ဇူလိုင်ကုန်ပိုင်းက TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့မပြည်သူ့စစ်အဖွဲ့က ဒေသခံအမျိုးသား လေးဦးကို TNLAတပ်သားဟု စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြို့မပြည်သူစစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဒေသခံ လေးဦးမှာ နမ့်ကတ်အုပ်စု မိုင်းဆက်ရွာနှင့် မန်ကန်ရွာခံတို့ဖြစ်ပြီး (၂၄)နှစ်အရွယ်အမျိုးသား ရီအောင်ဝင်းဆိုသူကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အခြားဖမ်းဆီးခံရသူသုံးဦးကိုလည်း ပြင်းထန်စွာ နှိပ်စက်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် သေခံများအား မျက်နှာအဝတ်ဖြင့် စွပ်ထားပြီး အစာမကျွေးဘဲ နှစ်ရက်ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နှိပ်စက်သတ်ဖြတ်ခံရ၍ သေဆုံးသွားသူ၏ အလောင်းကိုလည်း ပြန်မရသေးဘဲ ဒဏ်ရာပြင်းထန်စွာ ရခဲ့သူ သုံးဦးကိုလည်း မျက်နှာကိုအဝတ်ဖြင့်စည်းကာ မန်မိုင်ရွာအနီးရှိအမှိုက်ပုံတွင် လာရောက်စွန့်ပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင်လည်ကောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင်လည်ကောင်း ဒေသခံပြည်သူလူထုအား အတင်းအဓမ္မဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း TNLAက ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်နှင့် ဩဂုတ်အတွင်း မူဆယ်အပါအဝင် ရှမ်းမြောက်သေ၌ တိုက်ပွဲ ၁၂ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ဘက်က သေဆုံးထိခိုက်များကာ လက်နက်ခဲယမ်းများကိုလည်း TNLAက သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။