Connect with us

Hi, what are you looking for?

သတင်း

မူဆယ်ရှိ TNLA၏ လွယ်မောက်တပ်စခန်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ဗုံးများသုံးပြီး လေကြောင်း တိုက်ခိုက်

ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်စခန်း အဆောက်အဦး ပျက်စီးထိခိုက်မှု ရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း အသိပေးထားသည်။

တအာင်းတပ်မတော်(TNLA)​၏ လွယ်မောက်စခနကုန်းသို့ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဝင်းမောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်မဟာ(၁)၏ လွယ်မောက်တပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၅ရက်ည ၁၀နာရီ ၁၅မိနစ်တွင် တစ်ကြိမ်၊ ၁၀နာရီ ၂၃ မိနစ်တွင် တစ်ကြိမ် TNLA တပ်ရှိရာနှင့် မန်ကန်ရွာ၊ နမ့်ငူးရွာ အနီးသို့ ဗုံးကြဲခဲ့ပြီး ၁၀နာရီခွဲတွင်လည်း TNLA တပ်မဟာ(၁) တပ်စခန်း လွယ်မောက်စခန်းကို ပေါင် ၅၀၀ ဗုံးသီး ၂လုံးဖြင့် ထပ်မံ ဗုံးကြဲလာခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်စခန်း အဆောက်အဦး ပျက်စီးထိခိုက်မှု ရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်တလောစစ်ရေးအခြေအနေနှင့် လေကြောင်း တိုက်ခိုက်မှု အခြေအနေများကို မေးမြန်းရန် TNLA တာဝန်ရှိသူ ထံဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် မူဆယ်မြို့နယ်တွင် စက်တင်ဘာ ၂၃ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယင်းနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်မှစ၍ မူဆယ်မြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျလော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာ ရွာများ၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ကွတ်ခိုင်နှင့် မိုးကုတ်မြို့နယ်များ၌လည်းတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင်မှ ယနေ့အထိ တိုက်ပွဲပေါင်း ၆၀ကြိမ်ခန့်ဖြစ်ခဲ့သည်ဟု TNLA၏ ထုတ်ပြန်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။