Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ မုံးကိုး၊ ချင်းရွှေဟော်အပါအဝင် စစ်ရေးအရ အဓိက ကျသည့် နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ကြောင်း ညီနောင်သုံးဖွဲ့ အသိပေး

ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက ယနေ့မနက်မှစတင် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိသည်။

(ချင်း​ရွှေ​ဟော်မြို့တွင် ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင် တစ်ဦးက MNDAA လွှင့်ထူ​ဝှေ့ယမ်း​နေစဥ်။ဓါတ်ပုံ-MNDAA)
(ချင်း​ရွှေ​ဟော်မြို့တွင် ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင် တစ်ဦးက MNDAA လွှင့်ထူ​ဝှေ့ယမ်း​နေစဥ်။ဓါတ်ပုံ-MNDAA)

စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြိုရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရခိုင်(AA) သုံးဖွဲ့ပေါင်းထားသည့် စစ်ဆင်ရေးအမည်ဖြင့် ဖွင့်လှစ်ထားသည့် Operation 1027 – 3BHA Facebook စာမျက်နှာမှတဆင့် အသိပေးသည်။

ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက ယနေ့မနက်မှစတင် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိသည်။

ယခုအချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များနေရာအနှံ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း ညီနောင်သုံးဖွဲ့က အသိပေးသည်။

ရန်သူသည် လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေသကဲ့သို မိမိတိုအနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတိုသည် အောက်တိုဘာလ (၂၆) ရက်နေ့မှစပြီး MNTJP/ MNDAA ၏ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျားလှုပ်ရှားနယ်မြေများကို လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA မှ တပ်သား (၁) ဦး ကျဆုံးခဲ့ရပြီး (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။ ထိုအပြင် ဗုံးသီးများရွာထဲသို ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၁) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နောက်ဆက်တွဲ တိုက်ပွဲ သတင်းများနှင့် သိမ်းဆည်းရမိ လက်နက်ပစ္စည်း၊ သုံပန်းများကို အချိန်နှင့် တပြေးညီ ဆက်လက်တင်ပေးသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဆောင်းပါး

အနာဂတ်စစ်ပွဲတွင် ရှုံးနိမ့်ခြင်း