Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်ဒေသတစ်ခုလုံးကို ထိမ်းချုပ်နိုင်ပြီဖြစ်ကြောင်း MNDAA ကြေညာ

MNDAAနှင့်အတူ မဟာမိတ်တပ်များကလည်း ကွတ်ခိုင်၊ လားရှိုး၊ နမ့်ခမ်း၊မူဆယ် အပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး စခန်းများဆက်တိုက်သိမ်းပိုက်နေသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိ​သောစခန်းများ၊လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိ​သောစခန်းများ၊လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-The Kokang)

▪︎စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ ရရှိကြောင်း အသိပေးထုတ်ပြန်

စစ်ကောင်စီတပ်များကို ယနေ့မနက်မှစတင်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်းနှင့် ညနေပိုင်းအထိ ထိုးစစ်များ ဆက်ရှိနေကာ ချင်းရွှေဟော်ဒေသတစ်ခုလုံးကို ထိမ်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက် နံနက် ၄နာရီမှ စတင်ပြီး ထိုးစစ်စတင်ခဲ့ရာ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နှင့် လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့သည်ဟုဆိုသည်။ ယင်းစခန်းများကို သိမ်းပိုက်ပြီးနောက် MNDAA သည် မုံးကိုးခရိုင် ရှီကျိကျတောင်ကုန်း၊ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသ ရှောက်တင်းပရွာ၊ ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာနှင့် ခုမာရွာကြား၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်းတောင်ကုန်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိ​သောစခန်းများ၊လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိ​သောစခန်းများ၊လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးပစ္စည်းများ။ဓါတ်ပုံ-The Kokang)

ယနေ့မနက်အစောပိုင်းတွင် MNDAA သည် စစ်ကောင်စီရှိရာ နန်ဖာရှန်းတောင်ကုန်းကို ဒရုန်း (Drone) များဖြင့် ဦးစွာတိုက်ခိုက်ပြီးနောက် နေ့လည်ပိုင်း၌ ခြေလျင်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းစခန်းသိမ်းတိုက်ပွဲ၌ စက်လက် (၁)လက်၊ Shotgun (၁)လက်၊ စကားပြောစက် (၄)ခု၊ ၆၀မမ ဗုံးသီး (၄၀)လုံး၊ စက်လက်ကျည် (၂၀၀၀)ထောင့်၊ ၅.၅၆ကျည်(၃၀၀၀)ထောင့်၊ လက်ပစ်ဗုံး (၂၀) လုံး၊ နင်းမှိုင်း (၂) လုံး၊ စက်လက်ကျည်ကပ် (၁)ခု၊ ရိုးရိုးကျည်ကပ် (၂) နှင့် အခြားစစ်ရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် သေဆုံးထိခိုက်အပါအဝင် နှစ်ဖက်ထိခိုက်မှု အခြေအနေကို ဖော်ပြမထားပေ။

ထို့ပြင် MNDAA သည် စစ်ကောင်စီတပ်စခန်းရှိရာ နန်တောင်ဟော်ဒေသ နှင့် ကျမိန်ခုတ်ဒေသ များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်း၌ မာဟွာချင်းယာခုတ်ဒေသ ရှိစစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာ နှင့်ခုမာရွာကြား ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ် အဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်သုံးပစ္စည်းတစ်ချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း ထုတ်ပြန်သည်။

မုံးကိုးခရိုင်၊ ရှီကျိကျတောင်ကုန်း၏ အရှေ့ဘက်ခြမ်းရှိ ကွမ်းထန်တောင်ကုန်း နှင့် နန်ကျွမ်းဒေသရှိ စစ်ကောင်စီတပ်များကိုလည်း ချေမှုန်းနိုင်ခဲ့ပြီး ယခုညနေပိုင်းအချိန်အထိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

MNDAAနှင့်အတူ မဟာမိတ်တပ်များကလည်း ကွတ်ခိုင်၊ လားရှိုး၊ နမ့်ခမ်း၊မူဆယ် အပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး စခန်းများဆက်တိုက်သိမ်းပိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။