Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်ဒေသမြောက်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့နံနက်တွင် MNDAA ထပ်မံ သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၅ရက်မြောက်နေ့တွင် ချင်းရွှေဟော်ဒေသ မြောက်ဘက်ရှိ တပ်စခန်းများကို ဆက်လက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သိန္နီမြို့ထွေအုပ်ရုံးကို MNDAAနှင့် မဟာမိတ်တပ်များ ပူးပေါင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(သိန္နီမြို့ထွေအုပ်ရုံးကို MNDAAနှင့် မဟာမိတ်တပ်များ ပူးပေါင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪︎လားရှိုး မိုင်းကျက်စခန်းတိုက်ပွဲ စစ်ကောင်စီ မြေပြင်မှစစ်ကူမပေးနိုင်၍ လေယာဉ်ဖြင့် ခဲယမ်းရိက္ခာများပို့ဆောင်နေရဟု TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်သည့် စစ်ဆင်ရေးများကို ယနေ့ဆက်လက်ဆင်နွှဲခဲ့ရာ တပ်စခန်း ၂ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။

၁၀၂၇ စစ်ဆင်ရေး ၅ရက်မြောက်နေ့တွင် ချင်းရွှေဟော်ဒေသ မြောက်ဘက်ရှိ တပ်စခန်းများကို ဆက်လက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုးကန့်ခရိုင်ရဲ့ ချင်းရွှေဟော်ဒေသရဲ့ မြောက်ဘက်ပိုင်း အဲဒီနေရာကို ခေါ်တာက တုန်းရှမ်းဒေသပေါ့။ တုန်းစမ်းဒေသမှာ ရှိတဲ့ ဟုန်ဇွပ်တုန့်ရွာတစ်ဝိုက်မှာရှိတဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ဒီနေ့ မနက် ၇နာရီမှာ စခန်းတစ်ခုကို သိမ်းနိုင်ပြီးတော့ ၁၁နာရီမှာ စခန်း နောက်တစ်ခုပေါ့။ အဲဒီမှာ ရှိတဲ့ စခန်း ၂ခုလုံးကို သိမ်းနိုင်ခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူကပြောပြသည်။ (ကျေးရွာ နှင့်ဒေသအမည်များကို ကိုးကန့်အခေါ်အဝေါ်ဖြင့် ပြောဆိုထားခြင်းဖြစ်၍ အမည်ရေးသားမှု အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါသည်)

MNDAA အနေဖြင့် ကိုးကန့်ကို ခရိုင် ၅ခုခွဲထားပြီး ခရိုင်ထဲ၌ ဒေသ ၅ခုကိုထပ်မံ ခွဲထားသည်ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဗမာလိုကတော့ ကုန်းကြမ်းမြို့နယ် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့နယ်ရယ်ဆိုပြီးခွဲတယ်။ကျနော်တို့က အဲဒီလို မခွဲဘူး။မော်ထိုက်ဒေသ၊ ရှင်းဝမ်းဒေသ၊ တုန်းရှမ်းဒေသ၊ ရှိရှမ်းဒေသ၊ ချင်းရွှေဟော်ဒေသ။ ကျနော်တို့ ခွဲထားတဲ့ မြေပုံအရဆိုရင် မြို့ကဒေသထက်ငယ်တယ်။ မြို့ဆိုတာ ချင်းရွှေဟော်မြို့ပတ်လည်ကိုပဲခေါ်တာ။ ဒေသကျတော့ အဲဒီ ချင်းရွှေဟော်ရဲ့ဒေသကြီးတစ်ခုလုံး အဲဒီမှာ ရှိတဲ့ရွာတွေကိုရော အဲဒီမှာရှိတဲ့ တောင်ကုန်းတွေရော အကုန်လုံးကို ဒေသထဲမှာပဲထည့်တယ်။ ကျနော် ဒီလို ရှင်းပြတာက အမြင်မှားမှာစိုးလို့ ကျနော်တို့က ချင်းရွှေဟော် မြို့ကို ထိန်းထားတယ်။ ဒေသတစ်ခုလုံးကို ထိန်းထားတယ်ဆိုတဲ့ သဘောကို မဆိုလိုဘူးနော်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ဒေသအခြေအနေကို ပြောပြသည်။

လက်ရှိတွင် MNDAAနှင့် မဟာမိတ်များသည် ချင်းရွှေဟော်နှင့် မုံးကိုးဒေသ ဖောင်းဆိုင်မြို့ကို ထိန်းထားနိုင်သည့် အခြေအနေရှိပြီး သိန္နီမြို့ကိုလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ တပ်စခန်းများ၊ ထွေအုပ်ရုံး၊ ရဲစခန်းနေရာများကို သိမ်းပိုက်ထားသည်။

စပ်ဆက်သတင်းတရပ်အဖြစ် တအာင်းတပ်မတော်(TNLA) အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအဖြစ် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ ၏ မိုင်းကျက်တပ်စခန်းကို ယနေ့မနက်တွင် ဝင်ရောက်တိုက်ခိုက်နေကြောင်း TNLAက အသိပေးသည်။

စစ်ဆင်ရေး ၅ရက်မြောက်နေ့ ဖြစ်သည့် အောက်တိုဘာ ၃၁ရက် နံနက် ၅နာရီမှစ၍ မိုင်းကျက်တပ်စခန်းကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က မြေပြင်စစ်ကူ မပေးနိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားရာ လေကြောင်းသယ်ယူပို့ဆောင်ရေး လေယာဉ်အသုံးပြုကာ လက်နက်ခဲယမ်း ရိတ်က္ခာများ ချပေးခဲ့သည်ဟုလည်း TNLAက ထုတ်ပြန်သည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာ၊ Mi-35 တိုက်ခိုက်ရေးရဟက်ယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။ အဆိုပါ မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို စစ်ဆင်ရေးစတင်ချိန်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသတိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ဘေးအန္တာရာယ် မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLAက ထပ်လောင်း အသိပေးမေတ္တာရပ်ခံထားသည်။

မဖြစ်မနေခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့/ တပ်ရင်း တပ်ဖွဲတို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် အသိပေးကြောင်း ထုတ်ပြန်သည်။

TNLAသည် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ပူးပေါင်းပြီးလည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။ ထိုးပြင် မိုးကုတ်ဗျူဟာ PDF တပ်များဖြင့် ပူးပေါင်းပြီး မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။