Connect with us

Hi, what are you looking for?

သတင်း

လားရှိုးနှင့် သိန္နီကြားရှိ စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်ရန်ချဉ်းကပ်စဉ် စခန်းလုံးကျွတ်ထွက်ပြေး

ယမန်နေ့ ညပိုင်းကလည်း သိန္နီနှင့် ချင်းရွှေဟော်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြထားသည်။

(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ကချင်နှင့် ရှမ်းမြောက်ရှိ တပ်စခန်း ၄ခုထက်မနည်းကို တိုင်းရင်းသားတပ်များက ယနေ့သိမ်းပိုက်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရန် ချဉ်းကပ်စဉ် စစ်ကောင်စီတပ်တစ်ခုလုံး စခန်းလုံးကျွတ်ထွက်ပြေးသွား၍ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

‘၁၀၂၇ စစ်ဆင်ရေး’ ၅ရက်မြောက်နေ့ စစ်ရေးအခြေအနေကို ဖော်ပြရာ လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် TNLAက အနီးကပ် ချဉ်းကပ်ခဲ့ကြောင်း၊ မိုင်းပါးတပ်စခန်းအတွင်း အခြေချနေထိုင်သည့် စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော်ချိန်တွင် စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ယနေ့ (အောက်တိုဘာ ၃၁ရက်) နံနက် ၄နာရီတွင် TNLAက သွားရောက်ရှင်းလင်း သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။

(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

အဆိုပါတပ်စခန်း သိမ်းပိုက်မှုအပါအဝင် ကချင်နှင့် ရှမ်းမြောက်ရှိ တပ်စခန်း ၄ခုထက်မနည်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ချင်းရွှေဟော်ဒေသ မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၂ခုကိုလည်း ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ခဲ့သည်။

ယမန်နေ့ ညပိုင်းကလည်း သိန္နီနှင့် ချင်းရွှေဟော်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြထားသည်။

(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ယနေ့(အောက်တိုဘာ ၃၁ရက်)တွင် စစ်ကောင်စီ ကျောက်မဲမြို့နယ်ဘက်မှ လက်နက်ကြီးများ ရမ်းပစ်နေသည်ဟု အသိပေးသည်။ ကျောက်မဲမှနေ၍ ဟောင်ဝစ်ဇာအမြောက်ဖြင့် ပန်စံကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားပြီး ထိခိုက်မှုရှိ၊မရှိ ဖော်ပြမထားပေ။

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ/တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တာရာယ် မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLAက အသိပေးမေတ္တာရပ်ခံထားသည်။ မဖြစ်မနေခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့၊တပ်ရင်း တပ်ဖွဲတို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် အသိပေးကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။