Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်​ထောင်မှထွက်လာ​သောကားစီးနင်းမှုတွင်​ ထောင်ဝန်ထမ်းနှစ်ဦး​သေဆုံးပြီး အကျဥ်းသားများကို ပြည်ပသို့ပို​ဆောင်လိုက်​ကြောင်း ​ပြောက်ကျားအဖွဲ့ထုတ်ပြန်

​ထောင်ဝန်ထမ်းနှစ်ဦး​သေဆုံးသွားပြီဖြစ်ကြောင်းသတင်းကို အောက်တိုဘာလ ၂၉ရက်က ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခဲ့စဉ်ကရုပ်သံမှတ်တမ်းကို ယနေ့(အောက်တိုဘာလ ၃၁ရက်) ထုတ်ပြန်ထားသည်။

(​ထားဝယ်​ထောင်မှ ထွက်လာ​​သောကားကို ​ပြောကျားအဖွဲ့ကတားဆီး စီးနင်းပြီး အကျဥ်း​ထောင်ဝန်ထမ်းနှင့်အကျဥ်းသားများကိုဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-DGRF)
(​ထားဝယ်​ထောင်မှ ထွက်လာ​​သောကားကို ​ပြောကျားအဖွဲ့ကတားဆီး စီးနင်းပြီး အကျဥ်း​ထောင်ဝန်ထမ်းနှင့်အကျဥ်းသားများကိုဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-DGRF)

ထားဝယ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ရက်ည‌နေက စစ်ဆင်ရေးတစ်ခု၌ ဖမ်းဆီးခံရ​​သော ထောင်ဝန်ထမ်းနှစ်ဦးမှာ ​သေဆုံးသွားပြီး အကျဉ်းသား ငါးဦးကို ပြည်ပသို့ လုံခြုံစွာ ပို့ပေးထားပြီးဖြစ်ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRFက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၃၀ရက်ည‌နေ၃နာရီခန့်က ရေး-ထားဝယ် ကားလမ်းပေါ်တွင် ထားဝယ်အကျဉ်း ထောင်မှ ထောင်ဝန်ထမ်း နှစ် ဦး၊ အကျဉ်းသား ငါးဦးပါသည့် ကားအား DGRF တပ်ခွဲ၂ မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စစ်ဆေးမေးမြန်းရာ ထောင်ဝန်ထမ်း နှစ်ဦးသည် စစ်ကောင်စီ ထောက်တိုင်များဖြစ် ကြောင်း သိရှိရသဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် သတ်ခဲ့ကြောင်း ​ဖော်ထားသည်။

ထားဝယ် အကျဥ်းထောင်မှထောင်ဝန်ထမ်းလွင်ငြိမ်းနှင့် အောင်ဘိုဘိုထွဋ်တို့ ဖြစ်ပြီး အကျဥ်းသား ငါးဦးနှင့်အတူ ရေဖြူမြို့နယ် ဇီးကျကျေးရွာ အနီးရှိ စစ်ကောင်စီက အသစ်ဆောက်နေသည့် အကျဥ်းထောင်သို့ စက်တင်ဘာလ ၃၀ ရက်က သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု People’s Spring ကစုံစမ်းသိရှိရသည်။

“စစ်ကောင်စီ အဓိက‌ ထောက်တိုင်တွေမို့ ရှင်းတာ။ အသေးစိတ်တော့ ကျွန်တော်တို့ ပြောစရာမရှိဘူး”ဟု ထားဝယ်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

​ထောင်ဝန်ထမ်းနှစ်ဦး​သေဆုံးသွားပြီဖြစ်ကြောင်းသတင်းကို အောက်တိုဘာလ ၂၉ရက်က ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခဲ့စဉ်ကရုပ်သံမှတ်တမ်းကို ယနေ့(အောက်တိုဘာလ ၃၁ရက်) ထုတ်ပြန်ထားသည်။

အကျဉ်းသား ငါးဦးကို ပြည်ပသို့ လုံခြုံစွာ ပို့ပေးထားပြီး အဆိုပါဖြစ်စဉ်အတွင်း ကားတစ်စီး၊ချိန်းဇောစက်တစ်ခု၊ တက်တူးစက် တစ်ခုနှင့် ဖုန်းနှစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်းထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRFသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။