Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ် ပကာရီရဲစခန်းကို PDF တိုက်ခိုက်

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းကို တော်လှန်ရေးရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(၂၀၂၂ ဧပြီအတွင်းက ပကာရီရဲစခန်းအား PDF များက တိုက်ခိုက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ ဧပြီအတွင်းက ပကာရီရဲစခန်းအား PDF များက တိုက်ခိုက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းကို တော်လှန်ရေးရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တပ်ရင်းတစ်ခုထဲ သွားတိုက်ခိုက်တာဗျ။ တခြားအဖွဲ့တွေမပါဘူး။ နေ့လယ် ၁၂ခွဲလောက်။ ဒီကောင်တွေဘက်က ၃၀လောက်ရှိတယ်”ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ပကာရီရဲစခန်းတွင် စစ်သားနှင့်ရဲ အင်အား၃၀ခန့်ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ တော် လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၂ ဧပြီနှင့် စက်တင်ဘာအတွင်းကလည် ပကာရီရဲစခန်းအား PDFများ တိုက်ခိုက်ခဲ့သေးသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ခုခံစစ်ဆင်နွှဲလျှက်ရှိရာ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ရန်ကင်းရွာအနီးတွင် ထားဝယ်ခရိုင် တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

အထက်ပါ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မကြာခဏရင်ဆိုင်နေရသောကြောင့် စခန်းအတွင်း ရဲများအပြင် စစ်သားများပါ လာရောက်တပ်စွဲထားရသည့် စခန်းတစ်ခုလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

ဆောင်းပါး

အိပ်မက်ပင် မမက်ဘူးသည့်တိုက်ပွဲအတွင်း ကိုနဂါးလေးရောက်နေပါတယ်။ ကိုယ့်ဘေးနားကရဲဘော်တွေကျသွားတာကိုလည်းမြင်ရပါတယ် ။ စစ်သားအလောင်းတွေက​တော့ပုံထပ်နေပါ​တယ် ။ ဒီအဖြစ်အပျက်​တွေကိုအိပ်မက်တခုလို​တောင်သူထင်နေမိပါတယ် ။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။