Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ် ပကာရီရဲစခန်းကို PDF တိုက်ခိုက်

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းကို တော်လှန်ရေးရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(၂၀၂၂ ဧပြီအတွင်းက ပကာရီရဲစခန်းအား PDF များက တိုက်ခိုက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ ဧပြီအတွင်းက ပကာရီရဲစခန်းအား PDF များက တိုက်ခိုက်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းကို တော်လှန်ရေးရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တပ်ရင်းတစ်ခုထဲ သွားတိုက်ခိုက်တာဗျ။ တခြားအဖွဲ့တွေမပါဘူး။ နေ့လယ် ၁၂ခွဲလောက်။ ဒီကောင်တွေဘက်က ၃၀လောက်ရှိတယ်”ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ပကာရီရဲစခန်းတွင် စစ်သားနှင့်ရဲ အင်အား၃၀ခန့်ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ တော် လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၂ ဧပြီနှင့် စက်တင်ဘာအတွင်းကလည် ပကာရီရဲစခန်းအား PDFများ တိုက်ခိုက်ခဲ့သေးသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ခုခံစစ်ဆင်နွှဲလျှက်ရှိရာ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ရန်ကင်းရွာအနီးတွင် ထားဝယ်ခရိုင် တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

အထက်ပါ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မကြာခဏရင်ဆိုင်နေရသောကြောင့် စခန်းအတွင်း ရဲများအပြင် စစ်သားများပါ လာရောက်တပ်စွဲထားရသည့် စခန်းတစ်ခုလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။