Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်ပါက အသက်အာမခံချက်အပြင် မိသားစုနှင့်ပေါင်းစည်းရေးပါဆောင်ရွက်ပေးမည်ဟု ညီနောင်သုံးဖွဲ့ ကြေညာ

ညီနောင်သုံးဖွဲ့ထံ ရောက်ရှိလာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

(မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️အင်အား ၅၀ခန့်ရှိ စခန်းတစ်ခုလုံး အညံ့ခံ၍ အားလုံးကို ဘေးကင်းစွာနေရချထားခြင်းနှင့် အသက်မသေလို၍ အလင်းဝင်လာသူ ၁၀၀ကျော်ရှိဟု အသိပေး

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်တစ်ရပ်ကို ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့်ရက္ခိုင့်တပ်တော်(AA) တို့က ယနေ့ (အောက်တိုဘာ ၃၁ရက်)တွင် ထုတ်ပြန်ခဲ့ရာ ရင်ဆိုင်ထားသည့် စစ်စခန်းများမှ စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်လိုပါက အမြန်ဆက်သွယ်ရန် အသိပေးကြေညာသည်။

‘၁၀၂၇ စစ်ဆင်ရေး’ကို ဆင်နွှဲနေသည့် ညီနောင်သုံးဖွဲ့အနေဖြင့် စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာ့တပ်မတော်သားများ အနေဖြင့် ညီနောင်သုံးဖွဲ့နှင့် ရင်ဆိုင်ထားရသော စစ်စခန်းများမှနေ၍ လက်နက်အပ်နှံ၍လည်းကောင်း၊ အလင်းဝင်ရောက်၍ သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ် အသိပေးရန် ဖော်ပြထားသည်။

(မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – AA)

ညီနောင်သုံးဖွဲ့ထံ ရောက်ရှိလာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

ထို့ပြင် မည်သည့်ညှင်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ကြောင်း၊ မိသားစု ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းခွင့်ရအောင် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းခရီးသွားလာရန်အတွက် လိုအပ်မည့်ခရီးစရီတ်များကို အတက်နိုင်ဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မကျန်းမမာဖြစ်နေသော သူများကိုလည်း ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်မှု များဖြင့် အတက်နိုင်ဆုံး စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း၊ စစ်ဆင်ရေးရက်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများ သေဆုံးဒဏ်ရာရကာ စစ်လက်နက်ခဲယမ်း အသုံးအဆောင် အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တစ်ပြိုင်နက်တည်းတွင် ညီနောင်သုံးဖွဲ့ထံသို့ နီးစပ်ရာမှ ဆက်သွယ်ပြီး လက်နက်အပ်ခဲ့ကြသူများ ရှိသကဲ့သို့ စစ်ဆင်ရေးကာလအတွင်း အသက်မသေလို၍ လက်နက်ချအညံခံကြသူများလည်းရှိကြောင်း၊ ထို့ပြင် မိသားစု၊ ဆွေမျိုး၊ မောင်နှမ ၊ သူငယ်ချင်းများထံမှ တဆင့် ညီနောင်သုံးဖွဲ့ထံ ဆက်သွယ်လာ၍ ၎င်းတို့ လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးပြီး လွတ်မြောက်သွားကြသူများလည်း များစွာရှိနေကြောင်း အသိပေးသည်။

အောက်တိုဘာ ၃၀ရက်တွင် စစ်ကောင်စီ အင်အား ၅၀ရှိသော တပ်စခန်း တစ်ခုလုံးကို ၂နာရီအတွင်း ချေမှုန်း၍ ရနိုင်သော်လည်း အချိန်မီအညံ့ခံခဲ့၍ တစ်ယောက်မကျန် အသက်ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာ နေရာချထားပေးပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။

ယခုစစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီဘက်မှ အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်လာသူ ၁၀၀ကျော်ရှိနေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။