Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အဖြစ်ဖွင့်လှစ်တဲ့ လောက်ကိုင်က သူနာပြုသင်တန်းကျောင်းဖွင့်ပွဲ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေ တက်ရောက်

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လောက်ကိုင်မြို့မှာ လောက်ကိုင် ဆေး၊ သူနာပြုနဲ့ ကျန်းမာရေးသိပ္ပံတက္ကသိုလ် (LUMNHS) ရဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ MNDAA၊ အာရက္ခတပ်တော်(ULA/AA)၊ တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ရှမ်းတပ် (SSPP/SSA)၊ ကရင်နီတပ်(KNDF) ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း MNDAAက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - The Kokang

အောက်တိုဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လောက်ကိုင်မြို့မှာ လောက်ကိုင် ဆေး၊ သူနာပြုနဲ့ ကျန်းမာရေးသိပ္ပံတက္ကသိုလ် (LUMNHS) ရဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ MNDAA၊ အာရက္ခတပ်တော်(ULA/AA)၊ တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ရှမ်းတပ် (SSPP/SSA)၊ ကရင်နီတပ်(KNDF) ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း MNDAAက ထုတ်ပြန်ပါတယ်။

သင်တန်းကျောင်းဖွင့်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားဟာ ၁၀၂၇ စစ်ဆင်ရေးအတွက် ဒေသတည်ငြိမ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိစေဖို့ အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်များ၊မိသားစုများနဲ့ ပြည်သူအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုများကို အလေးအနက် ဦးညွှတ်အမှတ်တရ ဂုဏ်ပြုခြင်းဖြစ်ကြောင်း ကိုးကန့်တပ် ရဲ့ အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဦးထွန်းမြတ်လင်းက ပြောကြားပါတယ်။

စစ်ရေးအောင်မြင်မှုဟာ အစပျိုးခြေလှမ်းမျှသာဖြစ်ပြီး စစ်မှန်သော အုပ်ချုပ်ရေးစွမ်းဆောင်ရည်မှာ ပြည်သူလူထုအတွက် ဂုဏ်သိက္ခာရှိသော လူမှုဘဝများရရှိစေဖို့ တည်ဆောက်ပေးခြင်းပေါ်တွင်သာမူတည်ကြောင်း သူက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၁၀၂၇ နှစ်ပတ်လည်နေ့မှာ သင်တန်းကျောင်းကို ဖွင့်လှစ်ခြင်းဖြင့် စိန်ခေါ်မှုများမှရရှိတဲ့ ဇွဲသတ္တိများကို အဆင့်မြင့်ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေး အလင်းရောင်အဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းဖြစ်တယ်လို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့်တပ်အနေနဲ့ ကျားဖြန့်အဆောက်အအုံတွေကို ပြည်သူ့အကျိုးပြုအခြေခံအဆောက်အအုံအဖြစ် ပြောင်းလဲအသုံးချလျက်ရှိပြီး အခု တက္ကသိုလ်ဟာလည်း သာဓကဖြစ်တယ်လို့ အသိပေးပါတယ်။

အခုအခမ်းအနားကို ကိုးကန့်တပ်က ဥက္ကဋ္ဌ ဖုန်းတာရင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပေမဲ့ မဟာမိတ် တပ်ဖွဲ့ တွေဖြစ်တဲ့ ULA/AA၊ PSLF/TNLA ၊ SSPP/SSA ၊ KNDF စတဲ့ တပ်တွေကတော့ ကိုယ်စားလှယ်အချို့ သာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ကိုးကန့်တပ်ဟာ မဟာမိတ်တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်ဒေသ တခုလုံးသာမက သိန္နီ၊ လားရှိုး မြို့တွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မဟာမိတ် ဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ခဲ့ရာ TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ရှမ်းတပ် SSPP ပါဝင်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)နဲ့ ကိုးကန့်တပ်အကြားမှာလည်း အပြန်အလှန်ကန့်ကွက်ရှုတ်ချမှုတွေ၊ ပြင်းထန်တဲ့ အပြန်အလှန် သတိပေးမှုတွေ ရှိနေပါတယ်။ ကိုးကန့်တပ် အုပ်ချုပ်ရာဒေသတွေမှာ တရုတ် ဘာသာစကား အသုံးပြုဖို ဖိအားပေးတာ၊ ကိုးကန့်တပ်ရဲ့ မြေယာသိမ်းဆည်းတဲ့ကိစ္စ၊ နိုင်ငံခြားသားများဝင်ရောက်လွှမ်းမိုးမှု၊ သမိုင်းနဲ့ ယဉ်ကျေးမှု လက္ခဏာ အစားထိုးပြောင်းလဲတာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်တာ စတဲ့လုပ်ရပ်တွေ ကျူးလွန်နေကြောင်း SSJACက ကန့်ကွက်ခဲ့တဲ့အပေါ် MNDAAကလည်း SSJAC က စွပ်စွဲတာ ဖြစ်ကြောင်း တုံ့ပြန်ကာ တန်ပြန် ကန့်ကွက်တာ၊ သတိပေးတာ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။