Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ ပြည်သူ့စစ်အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး

ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။

(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့၏ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “ဒါကတော့ အော်ပရေးရှင်းဖော်ဆောင်လာတဲ့ ၅ရက်အတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်းအလိုက် အလင်းဝင်လာတဲ့ သူတွေရှိသလို ပြည်သူ့စစ်အဖွဲ့မှ လူတွေလည်း အလင်းဝင်လာတာရှိတယ်။ဆိုတော့ ကျနော်တို့MNDAA အနေနဲ့လည်း ကိုးကန့်ရုပ်သေးအဖွဲ့ တို့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အလင်းဝင်ဖို့ တိုက်တွန်းတဲ့ စာတွေလည်း ဖော်ဆောင်ထားတဲ့အတွက် အလင်းဝင်လာကြပါလို့ တိုက်တွန်းတဲ့စာပါ”ဟု ပြောပြသည်။

ကွမ်းလုံမြို့နယ် ကံမိုင်းဒေသရှိ စစ်ကောင်စီတပ် ခလရ(၁၄၃) တပ်အင်အား ၄၁ဦးသည် ညီနောင်မဟာမိတ်သုံးဖွဲ့ထံ အောက်တိုဘာ ၃၀ရက်က တပ်ရင်းအလိုက်အလင်းဝင်လာ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး လမ်းစရိတ် တစ်ဦးလျင် ကျပ် ၁၅သိန်းစီ ပေးအပ်ခဲ့သည်ဟု MNDAAက ယနေ့ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။