Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ​၏ ပြည်သူ့စစ်အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး

ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။

(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့၏ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “ဒါကတော့ အော်ပရေးရှင်းဖော်ဆောင်လာတဲ့ ၅ရက်အတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်းအလိုက် အလင်းဝင်လာတဲ့ သူတွေရှိသလို ပြည်သူ့စစ်အဖွဲ့မှ လူတွေလည်း အလင်းဝင်လာတာရှိတယ်။ဆိုတော့ ကျနော်တို့MNDAA အနေနဲ့လည်း ကိုးကန့်ရုပ်သေးအဖွဲ့ တို့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အလင်းဝင်ဖို့ တိုက်တွန်းတဲ့ စာတွေလည်း ဖော်ဆောင်ထားတဲ့အတွက် အလင်းဝင်လာကြပါလို့ တိုက်တွန်းတဲ့စာပါ”ဟု ပြောပြသည်။

ကွမ်းလုံမြို့နယ် ကံမိုင်းဒေသရှိ စစ်ကောင်စီတပ် ခလရ(၁၄၃) တပ်အင်အား ၄၁ဦးသည် ညီနောင်မဟာမိတ်သုံးဖွဲ့ထံ အောက်တိုဘာ ၃၀ရက်က တပ်ရင်းအလိုက်အလင်းဝင်လာ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး လမ်းစရိတ် တစ်ဦးလျင် ကျပ် ၁၅သိန်းစီ ပေးအပ်ခဲ့သည်ဟု MNDAAက ယနေ့ အသိပေးထားသည်။