Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇စစ်ဆင်ရေး (၅)ရက်အတွင်း တအာင်းဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရ၊ ကလေးငယ်အပါအဝင် ၁၁ဦးသေဆုံးဟု TNLAအသိပေး

တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူလူထုများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်မှ လွတ်ကင်းနိုင်ရန် ခိုင်ခန့်လုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် အထူးလိုအပ်ကြောင်းလည်း TNLAက ထုတ်ပြန်ခဲ့သည်။

(တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

အာဏာသိမ်းစစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်(၃)ဖွဲ့က အပြင်းအထန်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ငါးရက်အတွင်း တအာင်းဒေသရှိဒေသခံပြည်သူ တစ်သောင်းကျော် စစ်ရှောင်နေကြရကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

ထို့ပြင် အသက်မပြည့်သေးသည့် ကလေးငယ်(၅)ဦးအပါအဝင် ၁၁ဦးသေဆုံး၊ ၃၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း (၁၃)ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၆,၄၅၅ဦးရှိပြီး၊ ကွတ်ခိုင်မြို့နယ်တွင် ၁,၀၀၀ကျော်၊ ကျောက်မဲမြို့နယ်တွင် ၄၄၆ဦး၊ သိန္နီမြို့နယ်တွင် ၃,၀၀၀ကျော်၊ မိုးကုတ်မြို့နယ်တွင် ၂၅၀ဦး၊ မူဆယ်မြို့နယ်တွင် ၂၂၀ဦးရှိသည်ဟု ဆိုသည်။

ထို့အပြင် မန်တုံမြို့နယ် မိုင်းဘော်တွင် ဒေသခံ ၁၀၀ကျော်နှင့် ကွတ်ခိုင်မြို့နယ် မုံးကိုးနှင့် မုံးစီးအကြားတွင် ဒေသခံ ၃၀၀ကျော် ပိတ်မိနေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဂျက်လေယာဉ်ဖြင့် အရပ်သားနေအိမ်များသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေယာဉ်သုံးပစ်ခတ်တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နမ့်ခမ်း၊ နမ့်ဖက်ကာ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်ရှိ အသက် ၁၂နှစ်အောက် ကလေးငယ် ၅ဦးအပါအဝင် ဒေသခံပြည်သူ ၁၁ဦး သေဆုံးကာ ၃၄ ဦးထက်မနည်း ထိုခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ် ၈၀ကျော် ပြိုကျပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူလူထုများ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်ရှိ အရပ်သားနေအိမ်(၂၆)လုံး ထိခိုက်ပျက်ဆီးခဲ့သည်ဟု အသိပေးသည်။ အချို့ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုနှင့် တပ်စွဲထားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲမှုများလည်းရှိကြောင်း ဖော်ပြသည်။

လက်တလောအခြေအနေတွင် အဆိုပါစစ်ဘေးရှောင်များအတွက် အစားအသောက်၊ ဆေးဝါးများ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အစားများအပြင် အမျိုးသမီးနှင့်ကလေးသူငယ်များ အတွက် အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူလူထုများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်မှ လွတ်ကင်းနိုင်ရန် ခိုင်ခန့်လုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် အထူးလိုအပ်ကြောင်းလည်း TNLAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးနဲ့ အမရပူရမြို့တွေက သေဆုံးခဲ့သူတွေထဲ စစ်ရှောင်ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်း (ခမရ−၄၂၂)က ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအချို့ က လူထုနွေဦးသို့ ပြောသည်။

Fact-Check

ထိုစာအတုကို Photoshop ဖြင့်ပြုပြင်၍ ​ဖေစ်ဘွခ်တွင် ဖြန့်ချီခဲ့ခြင်းဖြစ်