Connect with us

Hi, what are you looking for?

သတင်း

မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် လားရှိုးရှိ စစ်ကောင်စီ တပ်စခန်း ၅ခုကို ယနေ့ထပ်မံသိမ်းပိုက်ရရှိဟု TNLA အသိပေး

TNLA က ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၅ခုကို သိမ်းပိုက်ထားနိုင်သကဲ့သို့ ကိုးကန့်တပ်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကလည်း စစ်ကောင်စီတပ်စခန်း ၄ခုကို ယနေ့နံနက်နှင့် ယမန်နေ့ညက သိမ်းပိုက်ထားနိုင်ခဲ့သည်။

(ယနေ့တွင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီစခန်းများ။ ဓာတ်ပုံ - TNLA)
(ယနေ့တွင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီစခန်းများ။ ဓာတ်ပုံ - TNLA)

▪️ယနေ့တွင် ကချင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင်တပ်များက စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းသိမ်းပိုက်နိုင်ခဲ့

တအာင်းတပ်မတော်(TNLA) အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယနေ့ (အောက်တိုဘာ ၃၁ရက်) တွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၅ခုရရှိခဲ့သည်ဟု TNLAက အသိပေးထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်အရ သိမ်းဆည်းရရှိခဲ့သည့် တပ်စခန်းများမှာ လားရှိုး-သိန္နီကြား လားရှိုးမြို့နယ် မိုင်းပါး တပ်စခန်း၊ နမ့်ခမ်းမြို့နယ် ဟတ်ယိုင်(ဟဲယိုင်)တပ်စခန်း၊ နမ့်ခမ်းမြို့နယ် ကံကော်တောင် တပ်စခန်း၊ မူဆယ်(၁၀၅)မိုင်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်း တပ်စခန်း၊ ကွတ်ခိုင်မြို့နယ် ရှုခင်းသာရှိ စစ်ကောင်စီတပ်စခန်း တို့ ဖြစ်သည်ဟု ဆိုသည်။

TNLA တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် (၁၀၅)မိုင်ရှိ စစ်ကောင်စီနှင့် ပူးပေါင်း ပ.သ.စ တပ်စခန်း ၄,၅၆၁ကို ယနေ့ နေ့လည် ၃နာရီ ၁၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးသည်။

TNLA တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ်၊ စစ်ကောင်စီ၏ ရူခင်းသာတပ်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ရက်အကြာ ယနေ့(အောက်တိုဘာ ၃၁ရက်) တွင် အပြီး သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ယနေ့တွင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီစခန်းများ။ ဓာတ်ပုံ - TNLA)
(ယနေ့တွင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်ကောင်စီစခန်းများ။ ဓာတ်ပုံ – TNLA)

စစ်ဆင်ရေးစတင်ချိန်က တပ်စခန်း သုံးခု သိမ်းပိုက်ထားသည့် နမ့်ခမ်းညမို့နယ်ရှိ စခန်း ၂ခုကိုလည်း ယနေ့တွင် ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကိုမူ တိုက်ခိုက်စရာမလိုဘဲ စစ်ကောင်စီတပ် စခန်းလုံးကျွတ်ထွက်ပြေးသွား၍ TNLAက ရှင်းလင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့် လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာ (၈)ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

TNLA တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီဘက်က ကျောက်မဲမှနေ၍ ၁၂၀၊ ၁၀၅ ဟောင်ဝစ်ဇာအမြောက်ဖြင့် ယနေ့တွင် ပန်စံကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က စစ်သုံ့ပန်း (၄)ဦး လက်နက်အပြည့်အစုံဖြင့် ဖမ်းဆီးရရှိခဲ့သည်ဟုလည်း TNLAက ထုတ်ပြန်သည်။

TNLA က ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၅ခုကို သိမ်းပိုက်ထားနိုင်သကဲ့သို့ ကိုးကန့်တပ်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကလည်း စစ်ကောင်စီတပ်စခန်း ၄ခုကို ယနေ့နံနက်နှင့် ယမန်နေ့ညက သိမ်းပိုက်ထားနိုင်ခဲ့သည်။

ထို့ပြင် AAနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်ဒေါင်ယန်တပ်စခန်းကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ညီနောင်သုံးဖွဲ့ နှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်နေသည့် စစ်ဆင်ရေး ၅ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။