Connect with us

Hi, what are you looking for?

သတင်း

TNLAနှင့် မန္တလေး PDF သိမ်းထားသည့် နောင်ချို ဒိုပင်ရဲစခန်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်၍ စစ်သုံ့ပန်း ၄ဦးသေ၊ အများအပြားဒဏ်ရာရ

နောင်ချိုမြို့နယ်တွင် TNLA၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ကတည်းက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ယမန်နေ့တွင် ရှမ်းမြောက်နေရာ အများအပြားသို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ည ၉နာရီခန့်တွင် ဒိုပင်ရဲစခန်းကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ဒိုပင်ရဲစခန်းသည် တအာင်းတပ်မတော် PSLF/TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားသည့် စခန်းဖြစ်ပြီး ယင်းရဲစခန်းတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်၅၀၀ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရဲစခန်းအတွင်း ထိန်းသိမ်းထားသော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များ ကျည်ထိမှန်ပြီး လေးဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

နောင်ချိုမြို့နယ်တွင် TNLA၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ကတည်းက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။