Connect with us

Hi, what are you looking for?

သတင်း

‘၁၀၂၇စစ်ဆင်ရေး’အတွင်း TNLAက စစ်ကောင်စီနှင့်ပြည်သူ့စစ်စခန်း ၄၆ခုထက်မနည်း သိမ်းပိုက်ထား

TNLA သည် ရှမ်းမြောက်ရှိ မူဆယ်၊နမ့်ခမ်း၊သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ္မတူ၊ တန့်ယန်း စသည့်မြို့နယ်များမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တအာင်းပြည်နယ်တွင် TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ နိုဝင်ဘာ ၂၀ရက်စခန်းသိမ်းတိုက်ပွဲများမှ သိမ်းဆည်းရရှိမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(တအာင်းပြည်နယ်တွင် TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ နိုဝင်ဘာ ၂၀ရက်စခန်းသိမ်းတိုက်ပွဲများမှ သိမ်းဆည်းရရှိမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ညီနောင်မဟာမိတ်တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး‘ကာလအတွင်း တအာင်းတပ်မတော် (TNLA)က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄၆ ခုထက်မနည်းကိုသိမ်းပိုက်ထားပြီးဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) အပါအဝင် မဟာမိတ်တပ်များက ၁၀၂၇စစ်ဆင်ရေး ၂၅ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားရာ TNLA တပ်က သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။

“ဒီစစ်ဆင်ရေးအတွင်းမှာ စကစ တပ်စခန်းရော ပြည်သူ့စစ်တပ်စခန်းရောစုစုပေါင်း ၄၆ ခုကျော်တော့ရှိပြီ”ဟု TNLA ပြန်ကြားရေးအရာရှိက ယနေ့ နေ့လည်ပိုင်း၌ ပြောကြားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ သံချပ်ကာယာဉ် ၁စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်သကဲ့သို့ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိထားသည်။

Public Service Announcement

Public Service Announcement

TNLA သည် ရှမ်းမြောက်ရှိ မူဆယ်၊နမ့်ခမ်း၊သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ္မတူ၊ တန့်ယန်း စသည့်မြို့နယ်များမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

TNLA ကဲ့သို့ပင် MNDAAသည်လည်း မဟာမိတ်များနှင့်ပေါင်းပြီး ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၁၅၈ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုလုပ်လာကြောင်း TNLA ကအသိပေးသည်။

“ဒီကာလအတွင်း အရပ်သားထိခိုက်မှုက ၄၄ယောက်ရှိပြီ။ဒါက သေဆုံးတာပေါ့။ ထိခိုက်တာက ၁၀၀ ကျော်ကျော်ရှိမယ်။ အဓိက သူတို့ အရပ်သားကို ဦးတည်ပြီးတိုက်ခိုက်တာက နမ့်ခမ်းရှိမယ်။ နမ့်ဆန်ရှိမယ်။ သူတို့လေယာဉ်ဗုံးတွေ သုံးတာရှိသလို လက်နက်ကြီးတွေ ထုတာတွေရှိမယ်”ဟု TNLA ပြန်ကြားရေးအရာရှိက ပြောသည်။

ကိုးကန့်ဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။