Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ် တပ်တောင်မြို့တွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ်သေဆုံးပြီး မိခင် ဒဏ်ရာရ

စစ်ကောင်စီက ၎င်းတို့၏ စစ်ခန်းများကိုကာကွယ်ရန် စခန်းဝန်းကျင်‌‌ နေရာများ၌ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရခိုင်လူမှုအဖွဲ့အစည်းအချို့က သတိပေးသည်။

(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)
(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ်သေဆုံးပြီး မိခင်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်သည် တပ်တောင်မြို့၊ ပဒေါက်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၈ ရက်)နံနက်က ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

“စစ်တပ်က သူ့တို့ကို လာတိုက်မှာစိုးလို့ သူတို့စခန်း ဝန်းကျင်မှာ မိုင်းတွေ ထောင်ထားတာ။ သားအမိနှစ်ယောက်က အုတ်ကွင်း( အုတ်ဖုတ်လုပ်ငန်း)ကို သွားတာ။ လမ်းမှာ မိုင်းထိတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူမှာ (၄)တန်းကျောင်းသား မောင်ဇွဲနိုင်ထွန်းဆိုသူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူသည် တပ်တောင်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ရက္ခိုင့်တပ်တော်(AA)က သတိပေးထားပြီး အလင်းမဝင်ပါက တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ၎င်းတို့၏ စစ်ခန်းများကိုကာကွယ်ရန် စခန်းဝန်းကျင်‌‌ နေရာများ၌ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရခိုင်လူမှုအဖွဲ့အစည်းအချို့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။