Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်နယ် တပ်တောင်မြို့တွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ်သေဆုံးပြီး မိခင် ဒဏ်ရာရ

စစ်ကောင်စီက ၎င်းတို့၏ စစ်ခန်းများကိုကာကွယ်ရန် စခန်းဝန်းကျင်‌‌ နေရာများ၌ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရခိုင်လူမှုအဖွဲ့အစည်းအချို့က သတိပေးသည်။

(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)
(ရခိုင်ပြည်နယ် စစ်တွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၂ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- Getty Images)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ်သေဆုံးပြီး မိခင်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်သည် တပ်တောင်မြို့၊ ပဒေါက်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၈ ရက်)နံနက်က ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

“စစ်တပ်က သူ့တို့ကို လာတိုက်မှာစိုးလို့ သူတို့စခန်း ဝန်းကျင်မှာ မိုင်းတွေ ထောင်ထားတာ။ သားအမိနှစ်ယောက်က အုတ်ကွင်း( အုတ်ဖုတ်လုပ်ငန်း)ကို သွားတာ။ လမ်းမှာ မိုင်းထိတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူမှာ (၄)တန်းကျောင်းသား မောင်ဇွဲနိုင်ထွန်းဆိုသူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူသည် တပ်တောင်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ရက္ခိုင့်တပ်တော်(AA)က သတိပေးထားပြီး အလင်းမဝင်ပါက တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ၎င်းတို့၏ စစ်ခန်းများကိုကာကွယ်ရန် စခန်းဝန်းကျင်‌‌ နေရာများ၌ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရခိုင်လူမှုအဖွဲ့အစည်းအချို့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။