Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းတွင် မိုင်းဆွဲခံရ၍ KIA ဘက်က နှစ်ဦးကျဆုံးသည့်ကိစ္စ စုံစမ်းနေဟု TNLA ပြော

​တော်လှန်​ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့​ကြောင်း KIO/KIA ​၏ ရုံးစာတစ်​စောင့်တွင်လည်း အတည်ပြု​ဖော်ပြထားသည်ကို​တွေ့ရသည်။

နမ့်ခမ်းတွင် မိုင်းဆွဲခံရ၍ KIA ဘက်က နှစ်ဦးကျဆုံးသည့်ကိစ္စ စုံစမ်းနေဟု TNLA ပြော
နမ့်ခမ်းတွင် မိုင်းဆွဲခံရ၍ KIA ဘက်က နှစ်ဦးကျဆုံးသည့်ကိစ္စ စုံစမ်းနေဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ၌ တအာင်းတပ်မတော်(TNLA)က မိုင်းခွဲတိုက်ခိုက်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်း နှစ်ဦးကျဆုံးခဲ့ရခြင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုများ လက်ခံရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

ဒီဇင်ဘာ ၅ရက်တွင် မိုင်းခွဲမှုကြောင့် KIO တိုက်နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ခံနှင့် ဒုတပ်ကြပ်တစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်သတင်းဌာန KNGက ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ် သတင်းပေးပို့ချက် ရရှိပြီး အသေးစိတ် အခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း KNGသို့ ဖြေကြားထားသည်။

​တော်လှန်​ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့​ကြောင်း KIO/KIA ​၏ ရုံးစာတစ်​စောင့်တွင်လည်း အတည်ပြု​ဖော်ပြထားသည်ကို​တွေ့ရသည်။

ယင်းဖြစ်စဉ်အပေါ် TNLA ဘက်သို့ မေးမြန်းရာ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများရှိသော်လည်း အသေးစိတ် အချက်အလက်များ တက်မလာသေးဟု ပြောပြသည်။

Public Service Announcement

Public Service Announcement

“သူတို့ကို စုံစမ်းခိုင်းထားတယ်။ အချက်အလက် တော့ မပို့လာသေးဘူး”ဟု TNLA အရာရှိ တစ်ဦးက ပြောသည်။

KIAနှင့်TNLA တို့သည် မဟာမိတ်ဆက်ဆံရေးရှိထားပြီးဖြစ်သည့် အဖွဲ့များဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး မစတင်မီကပင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။