Connect with us

Hi, what are you looking for?

သတင်း

ပုဂံမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

(ဓားပြတိုက်ခံရသည့် KBZဘဏ်အား ယနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဓားပြတိုက်ခံရသည့် KBZဘဏ်အား ယနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ကျပ်သိန်း သုံးထောင်ခန့်ပါသွားပြီး စစ်ကောင်စီလက်ပါးစေများဟု ဒေသခံများ သုံးသပ်

မန္တလေးတိုင်း၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက် ရှိ KBZဘဏ်အား သေနတ်များကိုင်ဆောင်ထားသော လူခုနစ်ဦးခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။

ယနေ့ (ဇန်န​ဝါရီ ၃၁ )နေ့လယ် ၁၂နာရီခန့်က ပါကျဲရိုးအစိမ်းရောင်ကားဖြင့် သေနတ်များကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ်ထားသော လူခုနစ်ဦးခန့်က ဓားပြတိုက်ခဲ့ခြင်းဟု ပုဂံမြို့ဒေသခံများက ပြောသည်။

အဆိုပါကားသည် KBZ ဘဏ်ဘေးရှိ လမ်းကြားတွင် ရပ်တန့်ထားပြီးနောက် မျက်နှာဖုံးစွပ်လူငါးဦးက ဘဏ်အတွင်းဝင်ရောက်ပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးစရာရှိလို့ဆိုပြီး အတင်းဝင်ပြီး ဓားပြတိုက်တာလို့ ပြောတယ်။ အကုန်လုံးဝပ်ခိုင်းနေတာ။ သေနတ်ဖောက်တာလည်းမရှိတော့ လူတွေက သိပ်မသိကြဘူး”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

ပုဂံမြို့သစ်မြို့အနေအထားမှာ အလွန် ကျဉ်းမြောင်းပြီး ဓားပြတိုက်သူများ​၏ကားမှာ ထွက်ပြေးရန် မြို့အဝင်၊အထွက်ဂိတ်များဖြင့် မြို့အတွင်း အလွယ်တကူဝင်ရောက်လာမှုမှာ မလွယ်ကူကြောင်း ဒေသခံများက သုံးသပ်သည်။ထို့ကြောင့် ယခုဓားပြတိုက်မှုမှာလည်း စစ်ကောင်စီ​၏ လက်အောက်ခံများသာဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

“မြို့အဝင်၊မထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေအများကြီး။ ဒီလောက်တင်းတင်းကြပ်ကြပ် စစ်နေတာ PDFတွေဆိုဘယ်လိုမှ ဝင်မရနိုင်ဘူး။ သူတို့လူတွေပဲ ဝင်ရနိုင်တယ်။နောက်ပြီး မောင်းပြေးတာလည်း မြို့ထဲကို မောင်းပြေးတာ”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။