Connect with us

Hi, what are you looking for?

သတင်း

ပုဂံမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

(ဓားပြတိုက်ခံရသည့် KBZဘဏ်အား ယနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဓားပြတိုက်ခံရသည့် KBZဘဏ်အား ယနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ကျပ်သိန်း သုံးထောင်ခန့်ပါသွားပြီး စစ်ကောင်စီလက်ပါးစေများဟု ဒေသခံများ သုံးသပ်

မန္တလေးတိုင်း၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက် ရှိ KBZဘဏ်အား သေနတ်များကိုင်ဆောင်ထားသော လူခုနစ်ဦးခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။

ယနေ့ (ဇန်န​ဝါရီ ၃၁ )နေ့လယ် ၁၂နာရီခန့်က ပါကျဲရိုးအစိမ်းရောင်ကားဖြင့် သေနတ်များကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ်ထားသော လူခုနစ်ဦးခန့်က ဓားပြတိုက်ခဲ့ခြင်းဟု ပုဂံမြို့ဒေသခံများက ပြောသည်။

အဆိုပါကားသည် KBZ ဘဏ်ဘေးရှိ လမ်းကြားတွင် ရပ်တန့်ထားပြီးနောက် မျက်နှာဖုံးစွပ်လူငါးဦးက ဘဏ်အတွင်းဝင်ရောက်ပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးစရာရှိလို့ဆိုပြီး အတင်းဝင်ပြီး ဓားပြတိုက်တာလို့ ပြောတယ်။ အကုန်လုံးဝပ်ခိုင်းနေတာ။ သေနတ်ဖောက်တာလည်းမရှိတော့ လူတွေက သိပ်မသိကြဘူး”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

ပုဂံမြို့သစ်မြို့အနေအထားမှာ အလွန် ကျဉ်းမြောင်းပြီး ဓားပြတိုက်သူများ​၏ကားမှာ ထွက်ပြေးရန် မြို့အဝင်၊အထွက်ဂိတ်များဖြင့် မြို့အတွင်း အလွယ်တကူဝင်ရောက်လာမှုမှာ မလွယ်ကူကြောင်း ဒေသခံများက သုံးသပ်သည်။ထို့ကြောင့် ယခုဓားပြတိုက်မှုမှာလည်း စစ်ကောင်စီ​၏ လက်အောက်ခံများသာဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

“မြို့အဝင်၊မထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေအများကြီး။ ဒီလောက်တင်းတင်းကြပ်ကြပ် စစ်နေတာ PDFတွေဆိုဘယ်လိုမှ ဝင်မရနိုင်ဘူး။ သူတို့လူတွေပဲ ဝင်ရနိုင်တယ်။နောက်ပြီး မောင်းပြေးတာလည်း မြို့ထဲကို မောင်းပြေးတာ”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုဂံဗိုလ်ချိုတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။