Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်နီးပါးရပ်နားခဲ့သည့် KBZဘဏ် ATMမှ တစ်ပတ်လျှင်ကျပ်သုံးသိန်း ထုတ်ယူနိုင်ပြီဟုဆို

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်စနစ်မှ ငွေသားထုတ်ယူခွင့်ကို စတင်ကန့်သတ်ခဲ့ပြီး ATMငွေထုတ်စက်များမှ ငွေသားထုတ်ပေးခြင်းကို ၂၀၂၁ စက်တင်ဘာလဆန်းမှ စတင်ပြီး လုံးဝရပ်တန့်ခဲ့သည်။

(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

တစ်နှစ်နီးပါးရပ်နားခဲ့သည့် ATM ငွေထုတ်စက်များမှ ငွေသားထုတ်မှုများကို ဇွန်လ၉ ရက်ကစတင်ပြီး တစ်ပတ်လျှင် ကျပ်သုံးသိန်း ပြန်လည်ထုတ်ပေးမည်ဟု KBZဘဏ်က ထုတ်ပြန်သည်။

ပြန်လည်ထုတ်ပေးမည့်မြို့များတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပြီး စုစုပေါင်း နေရာ ၄၇ ခုတွင် ထုတ်ပေးမည်ဟု KBZဘဏ်က ဆို သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်စနစ်မှ ငွေသားထုတ်ယူခွင့်ကို စတင်ကန့်သတ်ခဲ့ပြီး ATMငွေထုတ်စက်များမှ ငွေသားထုတ်ပေးခြင်းကို ၂၀၂၁ စက်တင်ဘာလဆန်းမှ စတင်ပြီး လုံးဝရပ်တန့်ခဲ့သည်။

(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

“ငွေရေးကြေးရေးလောကမှ သမိုင်းဝင်ဖြစ်ရပ်ပါ။ ကိုယ့်ငွေကို ကိုယ်ပြန်ထုတ်ဖို့ ကန့်သတ်ခန့်ရပြီး အခုလို့ပြန်ထုတ်ခွင့်ပေးတာ ရီစရာလိုဖြစ်နေပြီ”ဟု စီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

KBZဘဏ်၏ ထုတ်ပြန်ချက်အရ တစ်လလျှင် ၁၂သိန်းပြန်လည်ထုတ်ပေးမည်ဟု ကြေညာခြင်းဖြစ်ပြီး ထိုနှုန်းထားဖြင့် ဘဏ်များ ပြန်လည်လည်ပတ်နိုင်အောင် စစ်ကောင်စီက စတင်ကြိုးစားနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက “တစ်ပတ် ၃သိန်းလောက်နဲ့ ဘာလုပ်လို့ရမှာလဲ။ ကိုယ့်ငွေနဲ့ကိုတောင် အခုလို ကန့်သတ်ခံရတာ။ ဘဏ်တွေကိုလည်း တော်တော်ကြောက်သွားပါပြီ”ဟု ပြောသည်။

(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(KBZဘဏ် ATMမှ ​ငွေထုတ်ရန် စီတန်း​စောင့်ဆိုင်း​နေသူများအား ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

“စစ်ကောင်စီက ငွေသားအသစ်တွေ ရိုက်နှိပ်ပြီးတော့ ATMစက်ကနေ ပြည်သူတွေစီကို ဖြန့်ပေးဖို့ လုပ်တာဖြစ်မယ်”ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရိုးမဘဏ်ကလည်း ဇွန်လ ၃ ရက်ကစတင်ပြီး ATMစက်များမှ ငွေထုတ်ယူရကြောင်းကို ၎င်းတို့ လူမှုကွန်ရက်တွင်ကြေညာခဲ့ပြီးနောက် KBZဘဏ်ကလည်း ယခုလို ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်​ကောင်စီအလိုကြ​ဆောက်ရွက်​ပေး​နေ​သည့် KBZ ဘဏ်သည် Kpay အ​ကောင့်များပိတ်ထားခြင်း​ကြောင့် ​တော်လှန်​ရေးရဲ​ဘော််များက ယင်းဘဏ်အားသတိ​ပေးသည့်အ​နေဖြင့် ATM စက်အချို့ကို ​ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက ငွေထုတ်စက် (ATM)တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ ဆိုတာထက် ဖောက်ထွင်းလုယက်မှုသာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

အာဏာသိမ်းကာလအတွင်း မကြာခဏ ဓါးပြတိုက်ခံနေရတဲ့၊ သဒ္ဓါထက်သန် မြန်မာ့အားမာန်လို့ ဆောင်ပုဒ်လက်ကိုင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဓါးပြတိုက်ခံလိုက်ရပြန်ပါတယ်။